ကွီးတို့ရေ လွန်ခဲ့တဲ့ ၂၀၂၂ တစ်ခုလုံး ကွီးတို့ အတွက်ပျော်ရွှင်စရာ‌‌‌ကောင်းတဲ့ Relationship လေး ပိုင်ဆိုင်နိုင်ခဲ့ပါသလား။ ပိုင်ဆိုင်ခဲ့ရင်တော့ ကွီးတို့က တကယ်ကို ကံကောင်းတဲ့ လူတွေပါပဲ။ ဒီလိုမှ မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် Relationship တွေပျက်စီးခဲ့တာ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူမတွေ့သေးတာ စသည်တို့ကြောင့် ဒီနှစ်မှ စိတ်သစ် လူသစ်နဲ့ Relationship အသစ်တစ်ခုကို စမယ်လို့ စဉ်းစားထားပါသလား။ ဒီဆောင်းပါးလေးမှာတော့ နှစ်သစ်မှာ Relationship အသစ် စမဲ့ ကွီးတို့အတွက် သိထားရမဲ့ အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အတိတ်မှာ ပိတ်မိမနေပါနဲ့

Relationship အသစ်

Photo : Pride

ကွီးတို့ရေ Relationship အသစ် တစ်ခုကို စတင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကွီးတို့ရဲ့ အတိတ်က အကြောင်းအရာတွေ၊ နာကျင်စရာတွေကို ဖြေရှင်းဖို့ ကြိုးစားပါ။ အတိတ်က နာကျင်မှုတွေ၊ အဆင်မပြေမှုတွေမှာ ပိတ်မိမနေဘဲ ရင်ဆိုင်ကျော်ဖြတ်ပြီးမှ နောက်ထပ် Relationship ကို စတင်ပါ။ ဒါမှသာ ကွီးတို့အတွက်ရော ကွီးတို့ရဲ့ ချစ်သူဖြစ်လာမဲ့ တစ်ဖက်သားအတွက်ပါ အဆင်ပြေစေမှာပါ။ ကွီးတို့ဟာ ပျော်ရွှင်ဖို့ ထိုက်တန်ကြောင်း သတိရပေးပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့သူ၊ ကိုယ့်ကိုချစ်ပေးနိုင်မဲ့သူ ကမ္ဘာပေါ်မှာ ရှိနေတာကိုလည်း သတိရပါ။

နှလုံးသားကို နားထောင်ပါ

Relationship အသစ်

Photo : Vision2

ကွီးတို့ရေ အချစ်ရေးမှာ နှလုံးသားကို နားထောင်ဖို့လိုပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်ရဲ့ အတိတ် Relationship က နာကျင်စရာတွေ၊ ဒဏ်ရာတွေကို ကုစားဖို့ နောက်ထပ် Relationship အသစ်တစ်ခုကို မစတင်ပါနဲ့။ အခန့်မသင့်ရင် ကွီးတို့ကိုယ်တိုင် အတွက်ရော တစ်ဖက်သားအတွက်ပါ ပိုမိုကြီးမားတဲ့ စိတ်ဒဏ်ရာမျိုး ရနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ နှလုံးသားကို စကားသံကို နားထောင်လိုက်ပါ။ ကွီးတို့ တကယ်ချစ်မြတ်နိုးရသူကို တွေ့တဲ့အခါမှာ နှလုံးသားတံခါးခေါက်ပါလိမ့်မယ်။ ထိုအခါမှသာ လက်လွှတ်မခံပါနဲ့။

ကွီးတို့ရဲ့ မျှော်လင့်ချက်များကို ရှင်းရှင်းလင်းလင်း သိပါစေ

Relationship အသစ်

Photo : Times of India

ကွီးတို့ရေ Relationship တစ်ခုမှာ ကွီးတို့က ဘာတွေ လိုချင်တာလဲ။ ဘယ်လို Relationship မျိုးကို ပိုင်ဆိုင်ချင်တာလဲ ဆိုတာ သိပါစေ။ ကွီးတို့ရဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပြီး အချစ်ရေးမှာ ဘာကိုမျှော်လင့်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်းသိခြင်းက ကွီးတို့ ဖန်တီးမဲ့ Relationship အသစ် တစ်ခုမှာ ပိုပြီအဆင်ပြေ ချောမွေ့ပျော်ရွှင်စေမှာပါ။ ဥပမာအားဖြင့် ကွီးတို့က နွေးထွေးမှု၊ ကြင်နာမှု၊ ချစ်ခြင်းမေတ္တာတို့နဲ ပြည့်စုံတဲ့ Relationship မျိုးကို လိုချင်ရင် ကွီးတို့ကစပြီး ထိုအရာတွေကို တစ်ဖက်သားကို‌ ပေးလိုက်ပါ။ ကွီးတို့ထံ ပြန်ပြီးမေတ္တာရောင်ပြန်ဟပ်ပါလိမ့်မယ်။

နားလည်မှု

New Relationship

Photo : Project Hot Mess

ကွီးတို့ရေ Relationship အသစ် ကိုစတင်ပြီဆိုရင် ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိမှုကဲ့သို့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ နားလည်မှုဘဲ ဖြစ်ပါတယ်။ ဘယ်လို Relationship မဆို သာယာပျော်ရွှင်ပြီး တည်မြဲစေဖို့ ဆိုရင် အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ သို့မဟုတ် ဘယ်လောက်ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါစေ၊ ဘယ်လိုအားနည်းချက်ပဲဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်သွားရင် သာယာပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ရင်တော့ ဘယ်လို အသေးအဖွဲပြဿနာပဲဖြစ်ပါစေ ရှေ့ဆက်ဖို့ခဲယဉ်းမှာပါ။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက Relationship တစ်ခုကို အသစ်စတင်မဲ့ ကွီးတို့အတွက် အထောက်အကူပြုစေမဲ့ အကြံပြုချက်လေးများပဲ ဖြစ်ပါတယ်။

Featured Photo : New Scientist