အချစ်ရေးကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရတော့ လမ်းခွဲပြတ်စဲမှုတိုင်းဟာ နေ့ချင်းညချင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားက ပြဿနာသေးသေးမွှားမွှားလေးတွေ ၊ အဆင်မပြေမှု အဖုအထစ်လေးတွေ စုလာရာမှ ကြီးထွားလာပြီး နောက်ဆုံး လမ်းခွဲပြတ်ဆဲကြရတဲ့အထိ ဖြစ်ကြရတာပါ။ ဒီနေ့မှာတော့ ရေရှည်ခိုင်မြဲတဲ့ အချစ်ခရီးလမ်းကို လျောက်လှမ်းချင်သူတွေအနေနဲ့ ဘယ်တော့မှ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာလေးတွေကို သတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဝင်စားမှု မရှိတော့တဲ့အခါ


Photo : Woman’s Day

ချစ်သူစုံတွဲတွေဆိုတာ တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်တစားရှိကြတာ သဘာဝပါပဲ။ ဘယ်သွားနေလဲ ၊ ဘာလုပ်နေလဲ ၊ ဘယ်သူနဲ့ရှိနေလဲစတဲ့ မေးခွန်းများစွာကို မေးတက်ကြပြီး ကိုယ့်ချစ်သူကို အရိပ်တကြည့်ကြည့်ရှိကြတာမျိုးပါ။ သင့်ရဲ့ လက်ရှိအချစ်ရေးမှာ ဒီလိုတစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားမှုမရှိပဲ ဖာသိဖာသာပဲနေဖြစ်လာတယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောလို့ရနိုင်ပါတယ်။

(၂) တိုင်ပင်ဆွေးနွေးမှုတွေ မရှိတော့တဲ့အခါ

Photo : Bonobology

ချစ်သူနှစ်ဦးကြားမှာ အသေးအမွှားအကြောင်းအရာလေးတွေကအစ ဆွေးနွေးတိုင်ပင်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှု ၊ ယုံကြည်မှုကိုတည်ဆောက် ယူနေခြင်းပဲ မဟုတ်လားဗျ။ အကယ်၍ သင်တို့အချစ်ရေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းစွာဆွေးနွေးတိုင်ပင်မှုတွေမရှိတော့ဘူး ၊  ရင်ထဲက ခံစားချက်တွေကို တစ်ဖက်လူမြင်သာမှုရှိအောင် ဖွင့်ဟပြတာမျိုးမရှိဘူးဆိုရင် ဒီအချစ်ရေးအပေါ်မှာ ယုံကြည်စိတ်ချမှု နည်းလာပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

(၃) အေးတိအေးစက်ဖြစ်လာတဲ့အခါ

Photo : Freepik

ချစ်သူနှစ်ကြားမှာ ရင်ခုန်စရာ ၊ စိတ်လှုပ်ရှားစရာတွေ ဘားမှမရှိတော့ပဲ အေးစက်စက်နိုင်တဲ့ ဆက်ဆံရေးမျိုးဖြစ်နေတယ်ဆိုရင် အချိန်မီပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရန်ဖြစ်ရတာ ၊ ငြင်းခုန်ရတာတွေ ဘားမှမရှိတော့ဘူး ၊  တော်ရုံလည်း ဖုန်းမပြောဖြစ် ၊ အချိန်တွေမပေးဖြစ်ကြပဲ အဆင်ပြေသလို ဖြတ်သန်းနေကြတယ်ဆိုရင်တော့ အနှေးနဲ့အမြန်ပဲ အဆုံးသတ်အချိန်ကို ရောက်သွားနိုင်ပါတယ်။

Featured Photo : The Independent