စိတ်ဖိစီးမှုဆိုတာ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာမလဲဆိုတာ မသိနိုင်ပါဘူး။ နေ့စဉ်ဘဝမှာ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ ၊ ကိုယ်ရေး ကိုယ်တာ ပြဿနာတွေ ၊ မမျှော်လင့်ပဲကြုံတွေ့ရနိုင် ပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေခံစားနေရပြီဆိုရင် အခုပြောပြမယ့်အချက်လေးတွေလုပ်ဆောင်ခြင်းအားဖြင့် စိတ်ဖိစီးတွေကို အလျင်မြန်ဆုံးသက်သာသွားစေမှာဖြစ်ပါတယ်။

(၁) လူတွေနဲ့စကားပြောပါ

Source : Shutterstock

စိတ်ဖိစီးမှုများနေချိန်မှာ တစ်ယောက်တည်းနေတာထက် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားစမြည်ပြောဆိုလိုက်တာက ပိုပြီး စိတ်သက်သာရာ ရစေပါတယ်။ ဒါကြောင့် စိတ်တွေဖိစီးနေချိန်မှာ တစ်ယောက်တည်းမွန်းကျပ်မှုတွေ ခံစားနေတာထက် သင့်အနီးနားက လူတွေနဲ့ စကားပြောဆိုတာ ရယ်စရာဟာသလေးတွေပြောတာမျိုး လုပ်ဆောင်ပေးပါ။

(၂) လမ်းလျောက်ပါ

Source : Shutterstock

သင့်ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်ပေးတာက စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ စိတ်ဖိစီးမှုတွေကြုံလာရပြီဆိုရင် ခဏတဖြုတ် လမ်းလျောက်လိုက်တာက စိတ်လက်ပေါ့ပါးစေပြီး စိတ်ဖိစီးမှုလျော့ကျစေနိုင်သလို စိတ်ကိုလည်း ပြန်လည်လန်းဆန်းလာစေတာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း အကြံဉာဏ်ကောင်းတွေ ရစေမှာပါ။

(၃) တရားထိုင်ပါ

Source : Shutterstock

တရားထိုင်ခြင်းက စိတ်ကိုအမြန်ဆုံးတည်ငြိမ်အေးချမ်းစေမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်ဖို့အတွက် ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါဘူး။ သင့်ရဲ့ထိုင်ခုံမှာပဲ မျက်လုံးမှိတ်ပြီး အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။ မိနစ်ပိုင်းအတွင်းမှာတင် စိတ်ပြန်လည်တည်ငြိမ်လာပြီး အေးချမ်းလာပါလိမ့်မယ်။

(၄) သီချင်းနားထောင်ပါ

Source : Shutterstock

ဂီတက စိတ်ဖိစီးမှုတွေကို လျော့ကျသက်သာစေဖို့ အကောင်းဆုံးဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။လေ့လာမှုတွေအရလည်း စိတ်ဖိစီးမှုခံစားနေရချိန်မှာ သီချင်းနားထောင်တာက အချိန်တိုအတွင်း စိတ်ဖိစီးမှုတွေလျော့ပါးသက်သာလာစေနိုင်ပါတယ်။