မျက်နှာဟာအဆီပြန်ခြင်းက အမျိုးသားအများစုမှာ ဖြစ်လေ့ရှိကြပါတယ်။ ရာသီဥတုနည်းနည်းလောက်ပူလာတာနဲ့ မျက်နှာမှာချွေးနဲ့ အဆီပြန်မှုတွေက မြင်မကောင်းအောင်ဖြစ်လာတက်ပါတယ်။ ဒီနေ့မှာတော့ အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေသိထားသင့်တဲ့ မျက်နှာအဆီပြန်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။
moisturizer လိမ်းပါ
Source : Digital Commerce 360
မျက်နှာအသားအရေအတွက် အစိုဓာတ်ထိန်းသိမ်းခြင်း အဆင့်ကလည်း ကျော်မသွားသင့်ပါဘူး။မျက်နှာသစ်ပြီးခါစအချိန်မျိုးတွေမှာ အသားရေနူးညံ့စိုပြေစေဖို့ အစိုဓာတ်ထိန်းခရင်မ် မဖြစ်မနေလိမ်းပေးရမှာဖြစ်ပါတယ်။သတိထားရမှာတစ်ခုက အစိုဓာတ်ထိန်းခရင်မ်တွေဟာ များများလိမ်းလေ ထိရောက်လေဆိုတာတော့ မဟုတ်ပါဘူး။ အစိုဓာတ်ထိန်းခရင်မ်အများအပြားလိမ်းမယ်ဆိုရင် ပိုပြီးအဆီပြန်စေနိုင်ပါတယ်။အကောင်းဆုံးကတော့ အဆီဓာတ်ပါဝင်မှုနည်းတဲ့ သဘာဝအသီးအနှံတွေနဲ့ပြုလုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးလိမ်းသင့်ပါတယ်။
Face Mask ကပ်ပါ
Source : Soap Cafe
ရွံစေးနဲ့ ပြုလုပ်ထားတဲ့ Face Mask တွေဟာ အဆီပြန်မှုကိုသက်သာစေပြီး မျက်နှာပေါ်က အညစ်အကြေးနဲ့ အမဲစက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ဒါကြောင့် တစ်ပတ်ကိုအနည်း ၂ ကြိမ်ခန့် Mask ကပ်သင့်ပါတယ်။ Mask အသုံးပြုတဲ့အခါ အချိန်အကြာကြီးထားတာမျိုး Mask ကပ်ပြီး အိပ်တာမျိုးတော့ ရှောင်ကျဉ်သင့်ပါတယ်။နာရီဝက်လောက်မျက်နှာမှာကပ်ထားရုံနဲ့ လုံလောက်ပြီး မှန်ကန်တဲ့ထိရောက်မှုဖြစ်စေမှာပါ။
မျက်နှာသစ်ဆေးမှန်ကန်အောင်ရွေးချယ်ပါ
Source : Shutterstock
အဆီပြန်တက်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ဆေးကို အထူးဂရုစိုက်ရွေးချယ်ဖို့ လိုပါတယ်။ သာမာန်မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတုံးလို အပြင်းစားဆပ်ပြာတွေနဲ့ အလွယ်တကူမျက်နှာသစ်တာမျိုးတွေက သင့်ကိုပိုပြီးအဆီပြန်စေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဆီပြန်တက်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။