သင်ကဖျားနာတာမဟုတ်ဘဲ အမြဲတမ်းခေါင်းကိုက်နေတာမျိုးဖြစ်ပါသလား။ ဒီနေ့လို စိတ်ဖိစီးမှုများလွန်းတဲ့ခေတ်မှာ ကိုယ်ခန္ဓာမကျန်းမာတာအပြင် အလုပ်တဖက်၊ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေက တဖက်နဲ့ ဖိအားတွေပိုဖြစ်စေနိုင်ပါတယ်။ ဒါဆို ဒီလိုခေါင်းကိုက်လာတဲ့အခါ ခဏခဏဆေးသောက်တာမျိုးမလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့သက်သာအောင်လုပ်ကြည့်ရအောင်။
Source : Freepik
ခေါင်းကိုက်တယ်ဆိုတာမျက်နာနဲ့ခေါင်းတဝိုက်မှာ နာကျင်မှုဖြစ်ပေါ်တာပါ။ ခေါင်းကိုက်တဲ့အခါ စိတ်အနှောက်အယှက်အဖြစ်ဆုံးကတော့ မျက်လုံးနဲ့နဖူးမှာတင်းမာနေတဲ့အခါမျိုးပါ။ ဒါကသင်အနေနဲ့ စိတ်ဖိစီးမှုကိုခံစားနေရတယ်ဆိုတဲ့ လက္ခဏာပါ။ စိတ်ဖိစီးမှုများလွန်းတာကအချိန်ကြာလာတာနဲ့အမျှ သွေးတိုးတာ၊ နှလုံးရောဂါနဲ့ ကိုယ်ခံအားနည်းတာတွေလို နောက်ဆက်တွဲရောဂါတွေဖြစ်စေပါတယ်။မှန်ကန်တဲ့ အသက်ရှူလေ့ကျင့်ခန်းကို တနေ့တကြိမ်လုပ်ပေးတာက ခေါင်းကိုက်ခြင်းသက်သာစေတာ အပြင်နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ အထူးသဖြင့် ခေါင်းကိုက်ခြင်းက ညအိပ်ရာမဝင်မီအချိန်တွေမှာ ပိုခံစားရနိုင်တဲ့အတွက် ညအိပ်ခါနီးလုပ်ပေးရင်ပိုကောင်းပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကို စနစ်ကျတဲ့ ယောဂလေ့ကျင့်ခန်းတွေမှာ လေ့လာလို့လည်းရပါတယ်။
ခေါင်းကိုက်တာကိုကာကွယ်ဖို့ ဒါမှမဟုတ် သက်သာစေဖို့နောက်ထပ်နည်းလမ်းတခုက ရေများများသောက်ပေး တာပဲဖြစ်ပါတယ်။ စိတ်ပညာမှာ ဦးနှောက်ဆဲလ်တွေအလုပ်လုပ်ဖို့ လုံလောက်တဲ့ အရည်(သို့) ရေဓါတ်လိုအပ် ပါတယ်။ ရေဓါတ်မလုံလောက်တဲ့အခါ ဦးနှောက်ဆဲလ်အချို့အလုပ်မလုပ်နိုင်ဘဲ ခေါင်းကိုက်တာလိုရောဂါမျိုး တွေဖြစ်နိုင်ပါတယ်။နောက်တခုကတော့ ညဘက်မှာလုံလုံလောက်လောက် အိပ်စက်အနားယူပေးဖို့ပါ။ လိုအပ်ရင်နေ့လည်နေ့ခင်း တရေးအိပ်တာမျိုးလည်း လုပ်လို့ရပါတယ်။ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်နဲ့ဦးနှောက်ဆဲလ်တွေမှာရှိတဲ့ ပြဿနာ တွေကိုအများကြီးလျော့ချခွင့်ရစေပါတယ်။ တကယ်လို့ သင်ကနေ့ခင်းဘက် မအိပ်တတ်ဘူးဆိုရင် ညဘက်ကိုပုံမှန်ထက်စောစောအိပ်ယာဝင်ပါ။
Source : Freepik
အခုပြောခဲ့တဲ့ရိုးရှင်းတဲ့အချက်တွေကို လိုက်လုပ်ကြည့်ပြီးခေါင်းကိုက်သက်သာကြမယ်လို့မျှော်လင့်ပါတယ်။ တကယ်လို့ သက်သာခြင်းမရှိသေးဘူးဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားပြပြီး ဆရာဝန်ရဲ့ကုသမှုရယူဖို့အကြံပြုလိုပါတယ်။