ဘဝကိုကိုယ့်ချစ်သူနဲ့ အတူတကွပျော်ရွှင်စွာဖြတ်သန်းကြတဲ့နေရာမှာ တချို့ချစ်သူစုံတွဲတွေက ရိုးမြေကျ ချစ်ခင်ပေါင်းသင်းကြရပေမယ့် တချို့စုံတွဲတွေကတော့ အချိန်တစ်ခုမှာ လမ်းခွဲနှုတ်ဆက်ကြရပါတယ်။ ဘာကြောင့်ပါလဲ။ ကိုယ့်ရဲ့ (Relationship) ချစ်ခြင်းမေတ္တာကိုရော ရာသက်ပန်ခိုင်မာချင်ပါသလား။ အောက်ပါအချက်လေးတွေကို လေ့လာသုံးသပ်ကြည့်လိုက်ပါ။
ဘယ်တော့မှမမေ့ပါနဲ့

Photo : Freepik
နှစ်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာတွေဟာ အေးစက်လာတတ်ကြပါတယ်။ နှစ်ဦးသားရဲ့ အမှတ်တရနေ့တွေ၊ အမှတ်တရကိစ္စလေးတွေကိုလည်း ခပ်ပေ့ါပေ့ါသဘောထားလာတတ်ကြပါတယ်။ ဒါအရမ်းအန္တရာယ်များတဲ့အချိန်ကို ရောက်နေပြီပေါ့။ ဒါကြောင့် မမေ့သင့်တဲ့ကိစ္စတွေကို လုံးဝမမေ့ပါစေနဲ့။
ဂရုစိုက်မှုတွေရှိပါစေ

Photo : Freepik
ကိုယ်ကပဲဂရုစိုက်နေရတာမျိုး၊ ကိုယ်ကပဲဂရုစိုက်ခံချင်နေတာမျိုးကို ရှောင်သင့်ပါတယ်။ အသေးအမွှားကိစ္စလေးတွေက အစအရာရာမှာတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဂရုစိုက်မှုလေးတွေ ထားပေးပါ။ ဒါအကောင်းဆုံးချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်တဲ့အပြုအမူတစ်ခုပါပဲ။
ဒေါသတွေဖယ်ထုတ်လိုက်ပါ

Photo : Freepik
ချစ်သူရည်းစားတွေဟာ မကြာခဏရန်ဖြစ်တတ်ကြပါတယ်။ ရန်ဖြစ်တာက အကြောင်းမဟုတ်ပေမယ့် ဒေါသတွေ အရမ်းမကြီးသင့်ပါဘူး။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ မာန်မာနတွေ၊ အညှိုးတွေဆိုတာ ချစ်သူတွေကြားလုံးဝမရှိသင့်တဲ့ အရာတွေပါပဲ။
သာတူညီမျှမှုရှိပါစေ
Photo : Freepik
ယောကျ်ားနဲ့မိန်းမကြားက Relationship တစ်ခုမှာအရာရာဟာ ညီမျှဖို့အရေးကြီးပါတယ်။ အပေးသမားသက်သက်၊ အယူသမားသက်သက်ဖြစ်နေပြီဆိုရင်တော့ မကောင်းတဲ့လက္ခဏာပါပဲ။ ချစ်ခြင်းမေတ္တာတွေ၊ နားလည်ခွင့်လွှတ်မှုတွေဟာ နှစ်ဦးနှစ်ဖက်ညီမျှနေဖို့ လိုပါတယ်။
Featured Photo : Freepik
