တစ်ချို့စားသောက်ဆိုင်တွေမှာ အစားအသောက် အလကားကျွေးတယ်ဆိုလို့ ဒီအတိုင်းဝင်သွားပြီး စားလို့ရတာမဟုတ်ပါဘူး။ သူတို့မှာ သက်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ ကြေးအိုးပွဲကြီးကို ဘယ်အချိန်မှာ ကုန်အောင်စားနိူင်ရင် အလကားစားရမယ် စသဖြင့်ပေါ့။ သူတို့သက်မှတ်ထားတဲ့အချိန်မှာ ကုန်အောင်မစားနိူင်ရင်တော့ ကြေးအိုးဖိုး ပေးရပါတယ်။
တစ်ချို့ဆိုင်တွေမှာတော့ check-in လုပ်တာ ဒါမှမဟုတ် sign up လုပ်တာနဲ့ အစားအသောက် အလကား ကျွေးကြတာလည်း ရှိပါတယ်။
ခု kwee ကနေပြီးတော့ ကမ္ဘာတစ်လွှားက အစားအသောက် အလကားကျွေးသော စားသောက်ဆိုင်များ တွေကိုဖော်ပြပေးလိုက်ပါတယ်။
Hwy 55
Source: The Advocate
ပုံထဲက ဘာဂါ အထပ်လိုက်ကြီးကို ကုန်အောင် စားပြနိူင်ရင် သင့်ရဲ့နာမည်က သူတို့ရဲ့ ဝက်ဆိုဒ်ထဲ ရောက်သွားမှာပါ။ အဲ့နေ့အတွက် ဘာစားစားအလကားပါ။ ပိုက်ဆံပေးစရာမလိုတော့ပါဘူး။
Baja Fresh
Source: Las Vegas Sun
Baja’s newsletter မှာ sing up လုပ်လိုက်တာနဲ့ သင့်ရဲ့မွေးနေ့မှာ taco နှင့် tortilla အလကားစားလို့ရပါတယ်။
Moe’s Southwest Gri
Source: TripAdvisor
မွေးနေ့ရှင် တိုင်း Moe’s Rewards program မှာ sing up လုပ်တာနဲ့ nachos နဲ့ သောက်စရာတွေ အလကား ရပါတယ်။
Carvel
Source: MapQuest
သူတို့ရဲ့ ပရိုးမိုးရှင်း အစီအစဉ်မှာ sing up လုပ်ပြီးတာနဲ့ တစ်ခုဝယ် တစ်ခုလက်ဆောင်ရပါတယ်။
Schlotzksy’s
Source: The Business Journals
သူတို့ရဲ့ guest rewards ကို download လုပ်ပြီးတာနဲ့ အသားညပ်ပေါင်မုန် တစ်ခု အလကားစားလို့ရပါတယ်။
Seiad Valley Store and Café
Source: Whitewater’s Long Distance Trail Journeys
၅ ပေါင် လောက်ရှိတဲ့ ပန်ကိက်ကို သကာရည်၊ ထောပက် နဲ့ ၂ နာရီအတွင်း ကုန်အောင်စားနိူင်ရင် အလကားပါ။
San Francisco Creamery
Source: Pinterest
သူတို့ဆိုင်က Kitchen Sink Sundae ကို မိနစ် ၃၀ အတွင်း စားပြနိူင်ရင် အလကားစားရသလို ရေခဲမုန့်လည်း တစ်နှစ်စာ အလကားစားခွင့်ပေးပါတယ်။
Beau Jo’s
Source: YouTube
၁၄ ပေါင်လောက်ရှိတဲ့ ပီဇာကို ၂ နာရီအတွင်း ကုန်အောင်စားနိူင်ရင် ပိုက်ဆံမယူပါဘူး။