ကိုယ်သဘောကျရတဲ့ ချစ်သူကောင်မလေးနဲ့ ပထမဦးဆုံးဒိတ်လုပ်တဲ့နေ့ဟာ ဘဝမှာဒုတိယအကြိမ်ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဖြေကရှင်းပါတယ်။ အရမ်းကိုရင်ခုန်စရာကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်နေလို့ပါပဲ။

First ဒိတ်လုပ်တဲ့နေ့ဟာ သူနဲ့ကိုယ်နဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ရမယ့်နေ့ ဖြစ်တာကြောင့် အစစအရာရာရင်ခုန်စရာကောင်းနေပြီး ခြေမကိုင်လက်မကိုင်မိဖြစ်တက်ကြပါတယ်။ ဒီလိုရင်ခုန်စရာကောင်းတဲ့ အမှတ်တရနေ့လေးမှာ အလွဲလွဲအချော်ချော်တွေ မဖြစ်စေဖို့ First Date မှာလုံးဝမသွားသင့်တဲ့ စားသောက်ဆိုင်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အကင်ဆိုင် (BBQ)

Source : BBQ Singapore

First ဒိတ်ဆိုတော့ ကောင်မလေးကလည်း အလှဆုံးပြင်လာမှာပါ။ ဒီတော့ သူမအလှပျက်စေမယ့် အသားအကင်ဆိုင်လို ဆိုင်မျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အလုံပိတ်ဆိုင်ခန်းထဲ အသားကင်အနံ့တွေ ညှော်နံ့တွေနဲ့ဆိုရင် ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူးနော်။

(၂) Fast Food ဆိုင်

Source : gambaro.com.au

အားလုံးသိတဲ့အတိုင်း Fast Food ဆိုင်တွေရောင်းလေ့ရှိတဲ့ ဟမ်ဘာဂါတွေ ကြက်ကြော်တွေဆိုတာ အားရပါးရဆွဲရတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ပထမဆုံးဒိတ်တဲ့နေ့မှာတော့ ဘယ်သူမှဒီလိုအားရပါးရစားသောက်ရတဲ့ အစားစာမျိုးတွေကိုတော့ စားချင်မှာမဟုတ်ပါဘူး။

(၃) Sea Food ဆိုင်

Source : The Jakarta Post

ပင်လယ်စာ စားသောက်ဆိုင်တွေဟာလည်း First Date မှာ ရှောင်ကြဉ်သင့်တဲ့ ဆိုင်တစ်ခုဖြစ်ပါတယ်။ ပင်လယ်စာရဲ့ အဓိကဟင်းပွဲတွေဖြစ်တဲ့ ပုစွန်တွေ ဂဏန်းတွေ ဂုံးတွေဆိုတာ လက်နဲ့သေချာစားမှ အဆင်ပြေတဲ့အစားစာတွေပါ။ First Date ကတော့ အလှမပျက်ပဲ တည်တည်ငြိမ်ငြိမ်စားသောက်ရတဲ့ ဆိုင်လေးတွေထိုင်တာ ပိုအဆင်ပြေမယ်ထင်ပါတယ်။

(၄) Hot And Spicy ဆိုင်

Source : Wall Street International Magazine

ပူပူစပ်စပ်အရသာရှိတဲ့ Thai စားသောက်ဆိုင်လိုဆိုင်မျိုးတွေကလည်း First Date မှာအဆင်ပြေမှာမဟုတ်ဘူး။ ချွေးသံရွဲရွဲနဲ့ စားသောက်ရမယ့် ဆိုင်မှန်သမျှ ပထမဆုံးဒိတ်မှာ ရှောင်ရှားသင့်ပါတယ်။ ပူကပူ စပ်ကစပ်နဲ့  ပြင်လာတဲ့အလှတွေလည်း ပျက်ရတာကြောင့် ဒီလိုHot And Spicy ဆိုင်တွေကိုလည်း မရွေးချယ်သင့်ပါဘူး။

(၅) Buffet ဆိုင်

Source : hotels.ng

First Date မှာဘယ်သူမှ ဗိုက်တင်းကားအောင်စားချင်တဲ့သူရှိမယ့် မထင်ပါဘူး။ သာမာန်စားသောက်ဆိုင်တွေမှာ စားရင်တောင် ဟန်ပြလေးပဲ နည်းနည်းပါးပါးစားပြီး စကားပြောကြတာများပါတယ်။ ဒါကြောင့် ဒီလိုအဝစားရမယ့် Buffet ဆိုင်တွေကိုလည်း ပထမဆုံးဒိတ်မှာရှောင်သင့်ပါတယ်နော်။

အကောင်းဆုံးကတော့ First Date မှာ နားအေးပါးအေးရှိမယ့် Cafe ဆိုင်ကောင်းကောင်းလေးတွေ လူနည်းပြီးသီချင်းအေးအေးလေးတွေဖွင့်တက်တဲ့ Bar လေးတွေက အသင့်တော်ဆုံး Date လုပ်လို့ကောင်းမယ့်ဆိုင်လေးတွေ ဖြစ်ပါတယ်။ First Date မှာကတည်းက ကိုယ့်ကိုစိတ်မပျက်သွားစေဖို့ အထက်ပါဆိုင်လေးတွေကို ရှောင်ရှားပြီး ဒိတ်လုပ်လိုက်ပါနော်။