ကိုယ်လိုချင်တဲ့ အလုပ်တစ်ခုရရှိဖို့ ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကိုအကောင်းဆုံးဖော်ပြနိုင်မယ့် CV ဖောင်ကောင်းကောင်းတစ်ခုမဖြစ်မနေလိုအပ်ပါတယ်။အလုပ်ရှင်တွေဘက်ကနေ CV ဖောင်ကိုကြည့်ပြီး အင်တာဗျူးခေါ်ဆိုချင်အောင် ကိုယ့်အနေနဲ့ ပရော်ဖက်ရှင်နယ်ကျကျ ရေးသားတက်ဖို့အရေးကြီးပါတယ်။ဒီတစ်ခေါက်မှာတော့ CV ဖောင်ကောင်းတစ်ခုရဖို့ အခြေခံကျတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ပြည့်ပြည့်စုံစုံရေးသားပါ

Source: Study in Australia with Boomerang International

ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို CV ပေါ်မှာပြည့်စုံအောင်ရေးသားထားဖို့ လိုအပ်ပါတယ်။ ပညာအရည်အချင်း လုပ်ငန်းအတွေ့အကြုံ ဘာသာစကားကျွမ်းကျင်မှု ကိုယ်ရဲ့ အတက်ပညာကျွမ်းကျင်မှု Skill ဆက်သွယ်ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေ စသည်ဖြင့်အခြေခံကျတဲ့အချက်အလက်မှန်သမျှကို ရှင်းရှင်းလင်းလင်း သေသေသပ်သပ်နဲ့ ပြည့်စုံစွာဖော်ပြထားဖို့အရေးကြီးပါတယ်။

(၂) ဖောင့်သေချာရွေးချယ်ပါ

Source: Let’s Talk Management

CV ဖောင်မှာရေးသားထားတဲ့ ဖောင့်စာလုံးကို Standard Fontတွေဖြစ်တဲ့ Arial သို့မဟုတ် Times New Roman ကဲ့သို့ ဖောင့်တွေကို အသုံးပြုသင့်ပါတယ်။အလုပ်ရှင်ဘက်က ကိုယ့်ရဲက CV ဖောင်ကိုကြည့်လိုက်တာနဲ့ စာလုံးရှင်းလင်းပြတ်သားမှုရှိပြီး ဆွဲဆောင်မှုရှိနေစေဖို့ စာလုံးအရွှယ်အစားကိုလည်း Size ၁၀ သို့မဟုတ် ၁၂ ကြားကိုသာရွေးချယ်အသုံးပြုသင့်ပါတယ်။

(၃) အောင်မြင်မှုကိုဖော်ပြပါ

Source : The Balance Careers

ကိုယ့်အနေနဲ့ အရင်လုပ်ခဲ့ဖူးတဲ့အလုပ်တွေမှာ ဘယ်လိုထူးထူးချွန်ချွန် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့အချက်တွေကို ထည့်သွင်းရေးသားဖို့မမေ့ပါနဲ့။ ကိုယ်အနေနဲ့ ဘယ်လိုအပိုင်းမှာထူးချွန်တယ် ဘယ်လိုအောင်မြင်မှုတွေကို စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတာကို ဖော်ပြခြင်းအားဖြင့် ကိုယ့်ရဲ့ ကြိုးစားမှုကို ဖော်ပြရာရောက်စေမှာဖြစ်ပါတယ်။

(၄) အဆင့်မြှင့်တင်ပါ

Source : Business Insider

ကိုယ့်ရဲ့ CV ဖောင်ကို တစ်သတ်မှတ်တည်း မထားသင့်ပါဘူး။ အလုပ်တစ်ခုနဲ့ တစ်ခုအပြောင်းအလဲကြားမှာ အမြဲ Up To Date ဖြစ်အောင်လုပ်ပေးရပါမယ်။ ကိုယ့်အနေနဲ့ တိုးတက်ပြောင်းလဲလာတဲ့ အရာတွေ ပညာအရေအချင်းတွေ အတွေ့အကြုံတွေကို အမြဲလိုလို အဆင့်မြှင့်တင်ပြီး CV ဖောင်ထဲမှာ ထည့်သွင်းရေးသားထားဖို့လိုအပ်ပါတယ်။