လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်မှာ ပထမဆုံးသတိပြုမိတဲ့ အရာတွေထဲမှာ ဖိနပ်ကလည်း အပါအဝင်ဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်အတွက်သင့်တော်စေနိုင်မယ့် ဖိနပ်ရွေးချယ်တတ်ဖို့လိုပါတယ်။နေ့စဉ်သွားလာလှုပ်ရှားနေချိန် အသုံးပြုရတာဖြစ်တဲ့အတွက် အမြင်တင့်တယ်စေဖို့အပြင် သက်တောင့်သက်သာရှိမှုကိုလဲ ဦးစားပေးရမှာဖြစ်ပါတယ်။ဒါကြောင့်သက်တောင့်သက်သာရှိစေပြီး အမြင်လဲမဆိုးစေနိုင်တဲ့ Sneaker ဒီဇိုင်းတွေကို ဝေမျှလိုက်ပါတယ်။
(၁) Canvas Sports Shoes
Source : Fashionbeans
Sports Shoes ဆိုတဲ့အတိုင်း အားကစားလုပ်ရာမှာလဲ စီးနိုင်မယ့် Sneakerမျိုးတွေက စွယ်စုံရဖိနပ်တွေလို့ ဆိုမယ်ဆိုရင်လဲ မှားနိုင်ဖွယ်မရှိပါဘူး။ဘာလို့ဆို Sports Shoes တွေရဲ့ သဘောသဘာဝအရ ကြာရှည်ခံစေနိုင်ပြီး သက်တောင့်သက်သာရှိစေနိုင်တာကြောင့်ပါ။ Canvas Sports Shoesတွေရဲ့ အားသာချက်နောက်တစ်ခုကလဲ အားကစားကွင်းသွားမှ အသုံးတည့်တာမဟုတ်ပဲ နေ့စဉ်ဘဝမှာပါ စီးနင်းနိုင်တဲ့ Designဖြစ်နေခြင်းပါပဲ။
(၂) Tennis shoes
Source : Fashionbeans
၁၉၆၅လောက်ကထဲက Tennisလောကမှာ နာမည်ရှိတဲ့ Sneaker ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။Logoအစင်းသုံးကြောင်းနဲ့ သူ့ရဲ့ဒီဇိုင်းဟာ ပေါ့ပါးလွတ်လပ်တဲ့အသွင်ကိုဆောင်စေနိုင်ပါတယ်။ဒါ့အပြင် ခြေမျက်စိအလွတ် Sneakerဖြစ်တာကြောင့် လူငယ်ဆန်စေပြီး အရပ်ကိုရှိရင်းစွဲထက် အနည်းငယ်ပိုရှည်သယောင်ထင်စေနိုင်တဲ့ အားသာချက်ရှိနေတာပဲ ဖြစ်ပါတယ်။
(၃) Skate Shoe
Source : Fashionbeans
Sneakersတွေနဲ့ အလိုက်ဖက်ဆုံးကတော့ Streetwear တွေပဲ ဖြစ်ပါတယ်။ဒါကြောင့် Street Sports တစ်မျိုးဖြစ်တဲ့ Skateနဲ့ Sneakerဟာ အင်မတန်လိုက်ဖက်ညီတာကလဲ ငြင်းလို့မရပါဘူး။Skate Shoeအကြောင်းပြောမယ်ဆိုရင်တော့ မေ့မထားသင့်တာကတော့ Vansတွေပဲဖြစ်ပါတယ်။ Vansလိုမျိုး Skate Shoesတွေဟာဆိုရင် ရုံးသွားရုံးပြန်ပါစီးလို့ ရတဲ့ Sneakersအမျိုးစားဖြစ်တာကြောင့် လူငယ်လူလတ်မရွေးလိုက်ဖက်မှာ အသေချာပါပဲ။
(၄) Retro Runners
Source : Fashionbeans
Sneakersတွေဟာ အားကစားဖိနပ်အမျိုးအစားကနေပဲ ဆန်းသစ်လာတာဖြစ်တာကြောင့် အားကစားအမျိုးအစားအလိုက် ဒီဇိုင်းအမျိုးစုံစွာ ဆန်းသစ်မှုတွေတွေ့ရပါတယ်။အားကစားမလုပ်ရင်တောင် Fashion အရလုံးဝမိုက်နေစေနိုင်လို့ လူအများရွေးချယ်ကြတာလဲမမှားပါဘူး။Retro Runnerဖြစ်တဲ့ Nikeလိုအပြေးအားကစားအတွက် Sneakersတွေကလဲ တကယ့်ကိုသက်တောင့်သက်သာရှိမှု အပြည့်အဝပေးနိုင်တာကြောင့် စွယ်စုံစီးနိုင်ဖို့ ဝယ်ထားသင့်ပါတယ်။