လူတွေနေထိုင်နေတဲ့ ကမ္ဘာကြီးက လျှို့ဝှက်ချက်များ၊ ထူးခြားဆန်းပြားတဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူတို့တွေက လူတွေရဲ့ပက်ဝန်းကျင်မှာ ရှိနေပါတယ်။ လူတွေ၊ သဘာဝ တွေမှာသာမကပဲ ကာတွန်းရုပ်ရှင်တွေထဲမှာတောင် တွေ့နိူင်ပါတယ်။ တစ်ချို့ ထူးခြားဆန်းပြားတဲ့ အရာတွေကို ရှင်းပြဖို့အတွက် ရာစုနှစ်နဲ့ချီပြီး ကြာနိူင်ပေမယ့် ကာတွန်းနဲ့ရုပ်ရှင်တွေထဲက လျှို့ဝှက်ချက်တွေကို ဖြေရှင်းဖို့က လွယ်ကူပါတယ်။

ဒီနေ့ kwee page က နာမည်ကျော် ကာတွန်းဇာတ်ကောင်လေးတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Tarzan က Anna နဲ့ Elsa တို့ရဲ့ မောင်လေးလား

Frozen နဲ့ Tarzan ရဲ့တွဲဖက် ဒါရိုက်တာဖြစ်သူ Chris Buck ရဲ့ပြောကြားချက်အရ ဘုရင်နဲ့ဘုရင်မ Arendell တို့ဟာ သင်္ဘောပျက်တဲ့အချိန် သေဆုံးခဲ့ခြင်းမရှိခဲ့ဘူး။ သူတို့ဟာ ကျွန်းတစ်ကျွန်းပေါ်ရောက်ပြီးအသက်ရှင်လွတ်မြောက်ခဲ့တယ်။ အဲ့ဒီမတိုင်ခင် ခရီးရှည်သွားနေတဲ့ သင်္ဘောပေါ်မှာ သားယောက်ျားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ကျားသစ်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းမခံရသေးခင်အထိ ကျွန်းပေါ်မှာ ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။ ကျားသစ်တိုက်ခိုက်ခံရပြီး မိဘတွေ ဆုံပါးသွားခဲ့ကြတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးက Tarzan ဖြစ်လာခဲ့တယ်။ ဒါကြောင့် Tarzan ဟာ Anna နဲ့ Elsa တို့ရဲ့မောင်းလေးအရင်းဖြစ်ပါတယ်။

Scooby-Doo ရဲ့ခွေးအမျိုးအစားက ဘာဖြစ်မလဲ

Scooby-Doo ဟာ Great Dane (မွေးတိုခွေးအကြီး) အမျိုးအစားထဲကပါ။ ကာတွန်းဖန်တီးတဲ့သူက ဒီခွေးအမျိုးအစားကို မှီပြီးရေးဆွဲခဲ့တာပါ။ ဒါမေပယ့် Scooby-Doo အရောင်ကတဖြည်းဖြည်းပြောင်းလဲသွားပြီး ခန္ဓာကိုယ်ပေါ်မှာ အစက်အပြောက်တွေတောင် ပါဝင်လာခဲ့ပါတယ်။

Donald Duck ကဇာတ်တူသားစားတဲ့ဘဲလား

Facebook ပေါ်မှာ Donald Duck ဇာတ်တူသားစားနေတယ်ဆိုပြီး တတ်လာပါသေးတယ်။ တကယ်တော့ သူတို့စားဖို့ပြင်နေတာက ဘဲသားမဟုတ်ပါဘူး။ ကြက်ဆင်သားဖြစ်ပါတယ်။ သူတို့က ကျေးဇူးတော်နေ့ အခမ်းအနားကို ကျင်းပနေတာဖြစ်တဲ့အတွက်ကြောင့် ကြက်ဆင်သားစားနေတာဖြစ်ပါတယ်။

Tom and Jerry ကာတွန်းထဲက ကြွက်ကလေးဟာ အထီးလားအမလား

ဒါကတော့ လူတိုင်းခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်။ ကြွက်ကလေးက အထီး ဖြစ်ပါတယ်။

Tom and Jerry ကာတွန်းထဲမှာ ဘာလို့လူတွေရဲ့ ခြေထောက်နဲ့လက်ကိုပဲမြင်အောင် ပြတာလဲ

အကြောင်းကတော့ တိရစ္ဆာရန်တွေရဲ့ရုပ်လုံးကို ပိုမိုပေါ်လွင်အောင် ရေးဆွဲထားလိုပါပဲ။ အကယ်၍ လူသားတစ်ယောက်လုံးကို ရုပ်ရှင်ထဲတွင်ပေါ်အောင် ပြုလုပ်လိုက်တယ်ဆိုပါစို့။ ဒါဆိုရင် လူဘေးနာမှာရှိတဲ့ ကြောင်ရဲ့လက်သည်း အမွေးစတာတွေကို သေချာရှင်းရှင်းလင်းလင်း မြင်ရတော့ပါဘူး။ ပြီးတော့ ကြွက်က မြင်ကွင်းကနေတောင် ပျောက်ကွယ်သွားနိူင်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ ခြေထောက်နဲ့လက်တွေကိုပဲ ရုပ်ရှင်ထဲထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ဒါကတဖြည်းဖြည်းနဲ့ Tom and Jerry ကာတွန်းရဲ့ ထူးခြားတဲ့အင်္ဂါရပ် တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါမေပယ့် ပရိသတ်တွေက တစ်ခေါက်တော့ ရုပ်ရှင်ဖန်တီးတဲ့သူကို ကြောင်လေး Tom ပိုင်ရှင်ရဲ့ တစ်ကိုယ်လုံးပုံပေါ်အောင်သွေးဆောင်နိုင်ခဲ့ပါတယ်။

ကာတွန်းကားတွေထဲက ဇာတ်ကောင်အားလုံးနီးပါမှာ ဘာလို့ လက်ချောင်း (၄) ချောင်းထဲ ရှိရတာလဲ

ဒီလို ကာတွန်းဇာတ်ကောင်တွေကို လက်ချောင်း (၄) ချောင်းထဲ ဆွဲရခြင်းက အချိန်နဲ့ငွေကုန်ကြေးကျ သက်သာစေပါတယ်။ လက်ချောင်းတစ်ချောင်းထဲလို့ ပရိသတ်တွေက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလက်ချောင်းတွေကိုဆွဲဖို့ ကာတွန်းဖန်တီးတဲ့သူရာချီက နှစ်နဲ့ချီပြီးအချိန်ယူရပါတယ်။ လက်ချောင်းတစ်ချောင်း ချန်ထားခဲ့ခြင်းက ငွေကြေးနှင့် အချိန်တော်တော်များများကို ချွေတာနိူင်ပါတယ်။ နောက်ပိုင်းတွေမှာတော့ အစဉ်အလာတစ်ခုဖြစ်လာခဲ့ပါတယ်။

Source: Bright Side