စီးပွားရေးလောကမှာ ရစ်ချတ်ဘရန်ဆန်ဆိုတာ နာမည်ကြီးပါ။ ပိုက်ဆံချမ်းသာလို့တင် နာမည်ကျော်တာ မဟုတ်ဘဲ စီးပွားရေးမှာ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ပါ နာမည်ကြီးတာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဆာရစ်ချတ်ဘရန်ဆန်ဟာ အသက် ၁၆ နှစ်မှာ ပညာရေး တစ်ခန်းရပ်ခဲ့သူ ၊ အဲလီဇဘတ် ဘုရင်မကြီးရဲ့ သူကောင်းပြုခံရသူ ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Student Magazine ကို ဆယ်ကျော်သက်ဘဝကတည်းက တည်ထောင်ခဲ့သူ ဖြစ်သလို စွန့်ဦးတီထွင်မှုနယ်ပယ်မှာ Icon တစ်ယောက်အနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ သူ့ဘဝဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေသလို သူပေးတဲ့ အောင်မြင်ရေးအကြံပြုချက်တွေကလည်း မှတ်သားစရာပါ။

(၁) အိပ်မက်တွေနောက် လိုက်လုပ်ပါ

Source: pexels

ဒီစကားဟာ စွန့်ဦးတီထွင်မှုလောကရဲ့ အသက်လို့တောင် ပြောနိုင်ပါတယ်။ အိပ်မက်တွေကို ယုံကြည်ထား ၊ ဖြစ်အောင် မဆုတ်မနစ် ကြိုးစားဆိုတဲ့ သဘောတရားဟာ Entrepreneurship နယ်ပယ်မှာ တကယ့်အမှန်တရားတစ်ခုလည်း ဖြစ်နေပါတယ်။ ဘရန်ဆန်ကတော့ ငွေရဖို့လောက်ပဲ ကြည့်ပြီး အလုပ်လုပ်တာကို သဘောမကျပါဘူး။ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီက ကိုယ့်ဝါသနာနဲ့ ကိုယ့် Passion နဲ့ ပျော်တဲ့ အလုပ်မှာ အားထည့်ဖို့ပါ။

(၂) အပြုသဘော ကွဲပြားမှုတွေ လုပ်ပါ

Source: pexels

စွန့်ဦးတီထွင်သူ ဖြစ်ချင်ရင် အရင်ဆုံး သူများနဲ့ မတူတဲ့ အိုင်ဒီယာတစ်ခုတော့ ရှိရမှာပါ။ အမြဲတမ်း ဆန်းသစ်တဲ့ အတွေးတွေကို ဝင်လာခွင့်ပေးထားဖို့လည်း လိုပါတယ်။

(၃) ကိုယ့်ရဲ့ စိတ်ကူးတွေကို အယုံအကြည်ရှိပါ

Source: pexels

စိတ်ကူးတွေကို ပြတ်ပြတ်သားသားပဲ ယုံကြည်ထားဖို့ လိုပါတယ်။ ဒီစိတ်ကူးတွေကိုလည်း အကောင်းဆုံး မွမ်းမံတည်ဆောက်ပြီး ဖြစ်အောင် လုပ်ဖို့လည်း ရစ်ချတ်ဘရန်ဆန်က တိုက်တွန်းပါတယ်။

(၄) ကိုယ့်ရဲ့အဖွဲ့ကို ဂရုစိုက်

Source: pexels

အလုပ်မှာ ပျော်ဖို့က အရေးကြီးဆုံးပါ။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကိုယ်လည်း ပျော်ပျော်ကြီး လုပ် ၊ ကိုယ့်ရဲ့ အဖွဲ့ လည်း ပျော်ပျော်ကြီး လုပ်နေရင် အလုပ်ဟာ စိတ်ချမ်းမြေ့စရာတွေနဲ့ပဲ သွားနေမှာ ဖြစ်ပါတယ်။

(၅) အလျှော့မပေးနဲ့

Source: pexels

စွန့်ဦးတီထွင်အလုပ်ဆိုတာ ဘယ်နေ့ ဘယ်လို ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုအလုပ်မျိုးထဲ ခြေစုံပစ်ဝင်လာသူတွေအတွက် စိတ်ဓါတ် စွဲမြဲခိုင်မာမှုက အလွန်ပဲ အရေးကြီးပါတယ်။

(၆) စိန်ခေါ်မှုအသစ်တွေ ကိုယ့်ဘာသာပေးထား

Source: pexels

ဒီနေ့ ဘာလုပ်ရမလဲ။ မနက်ဖြန်အတွက် ဘာပြင်ဆင်ထားရမလဲ ဆိုတာတွေကို အမြဲတမ်း စိတ်အလုပ်ပေးထားရမှာပါ။ လုပ်စရာတွေ မကျန်ရအောင် စာရင်းလေး လုပ် ၊ နောက်တစ်နေ့အတွက် ကိုယ့်ကိုယ်ကို Challenge ခေါ်ပြီး ဖြစ်အောင် လုပ်နေဖို့လိုပါတယ်။

(၇) မိသားစုနဲ့ အချိန်ပေးပါ

Source: pexels

အောင်မြင်တယ်ဆိုတာ ငွေကြေး ဓနဥစ္စာ အထုပ်လိုက် အထည်လိုက် ပိုက်မိတာမျိုးတင် ခေါ်တာမဟုတ်ပါဘူး။ ကိုယ်တည်ဆောက်ထားတဲ့ ဘဝကြီးမှာ ပျော်တယ်။ ကိုယ့်ကြောင့်လည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေ ပျော်ရွှင်ချမ်းမြေ့ပြီး ပိုကောင်းတဲ့ အနေအထား ရောက်လာတယ်ဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။

(၈) အကျိုးမဲ့အလုပ်တွေ ရှောင်

Source: pexels

တီဗွီကြည့်တဲ့ အချိန်နဲ့ Facebook သုံးတဲ့အချိန်များနေရင် ဘဝတိုးတက်ဖို့ နည်းသွားတတ်ပါတယ်။ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်နဲ့ နောင်လာမယ့် နှစ်တွေမှာ ဘာတွေ တတ်မြောက်ကျွမ်းကျင်ထားဖို့ လိုသလဲ သင်ထားသင့်သလို ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ကိုယ်ပိုင် လူမှုကွန်ရက်တစ်ခု တည်ထောင်ထားသင့်ပါတယ်။

(၉) ကိုယ့်ကို လူတွေက မှားနေပြီလို့ ပြောတဲ့အခါ

Source: pexels

အဲသလို လာပြောရင်တော့ သူတို့ မှားကြောင်း သက်သေပဲ ပြလိုက်ပါ။ ခင်ဗျားဘဝဟာ တစ်နည်းနည်းနဲ့ ပိုတိုးတက်လာနေတဲ့ အကြောင်း သူတို့ဘာသာ သူတို့သိလာပါလိမ့်မယ်။

(၁၀) ချမ်းချမ်းသာသာနေပါ


Source: pexels

ခင်ဗျားမှာ ဘဝတစ်ခုပဲ ရှိတာပါ။ ဒီလောက် ရှားပါးလွန်းတဲ့ ဘဝလေးကို ပျော်အောင် ထားပါ။ ကိုယ်စိတ်ဝင်စားတာလေးတွေလုပ်ပါ။ ဘဝမှာ ငွေချည်းပဲ ရှာနေလို့တော့ မဖြစ်ပါဘူး။