အနုပညာနာမည် Richard Marx ဖြစ်ပြီး နာမည်အရင်း Richard Noel Marx သည် အမေရိကန် ပေါ့ပ် ရော့ခ် အဆိုတော်နှင့် သီချင်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ Richard Marx သည် Right Here Waiting ဆိုတဲ့သီချင်းနဲ့ ယနေ့ထိတိုင် နာမည်ကြီးနေတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။

သူ့ကို ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ချီကာဂို၊ အီလီနွိုက်တွင် မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် အသက် ၅၈ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ Right Here Waiting သီချင်းကိုလည်း မြန်မာအဆိုတော်များက ပုံစံတစ်မျိုးပြောင်းကာ ပြန်ပြောင်းဆိုထားတဲ့သီချင်းကလည်း လူကြိုက်များခဲ့ပါသေးတယ်။

သူ့ရဲ့ နာမည်ကြီးတေးသီချင်းများ အများအပြားရှိတဲ့အနက် ရေပန်းအစားဆုံးသီချင်းအချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Right Here Waiting

(၂) Hold On To The Nights

(၃) Endless Summer Nights

(၄) Angelia

(5) Don’t Mean Nothing

(၆) Should’ve Known Better

(၇) Another One Down

(၈) Hazard

(၉) Now And Forever

(၁၀) Satisfied

အခုတင်ဆက်ပေးသွားတဲ့ တေးသီချင်းများကို ပေါ့ပ် ရော့ခ်တေးသီချင်းချစ်သူများအားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: Richard Marx