ကမ္ဘာ့အန္တရာယ်အများဆုံး အားကစားတစ်ခုက Boxing ပါ။ လက်ဝှေ့နဲ့ စီးပွားရှာတဲ့ ပရော်ဖက်ရှင်နယ်ဘောက်ဆာတွေထဲမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ။ SportyTell ဝက်ဘ်ဆိုက်က ညွှန်းတဲ့ ကမ္ဘာ့အချမ်းသာဆုံး လက်ဝှေ့ကျော် ၃ ဦးအကြောင်း ကြည့်ရအောင်ပါ။
(၁) ဖလွိုက်ဒ်မေဝဲလ်သာ

Photo: Fox Sports
ပွဲပေါင်း ၅၀ ထိုးခဲ့ပြီး တစ်ပွဲမှ ရှုံးပွဲမရှိတဲ့ ဘောက်ဆင်သမားတစ်ဦးလည်း ဖြစ်တဲ့ ဖလွိုက်မေဝဲလ်သာကို အားလုံး သိကြမှာပါ။ စူပါ ဖယ်သာဝိတ်တန်း ၊ လိုက်ဝိတ် ၊ လိုက်ဝယ်သာဝိတ် ၊ ဝယ်သာဝိတ် နဲ့ လိုက်မစ်ဒယ်ဝိတ်တန်းတွေမှာ ဆုအလီလီရခဲ့တဲ့ ချန်ပီယံရဲ့ ၂၀၂၀ ခုနှစ်အတွက် အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၅၆၀ ရှိပြီး လက်ဝှေ့လောကရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုလည်း မမှားပါဘူး။
(၂) ဂျော့ချ် ဖိုးမန်း

Photo: ringtv
ဂျော့ချ်ဖိုးမန်းဟာ လက်ဝှေ့လောကရဲ့ ထိပ်သီးသမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး။ အိုလံပစ်ရွှေတံဆိပ် ၊ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံနှစ်ကြိမ်ရ ပုဂ္ဂိုလ်ပါ။ ၈၁ ပွဲထိုးခဲ့ပြီး ၇၆ ပွဲနိုင်ခဲ့တဲ့ ဒီလက်ဝှေ့ကျော်ဟာ ၁၉၉၇ မှာ ဘောက်ဆင်လောကကနေ အနားယူခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး လက်ဝှေ့သမား ဖြစ်ပြီး ဒေါ်လာသန်း ၃၀၀ ပိုင်ဆိုင်ပါတယ်။
(၃) မန်နီပက်ကွီယို

Photo: gqmiddleeast
အတုယူစရာ ဖိလစ်ပိုင် လက်ဝှေ့သမားတစ်ဦး ဖြစ်တဲ့ မန်နီပက်ကွီယိုဟာ ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ မတူတဲ့ ဝိတ်တန်း ၈ ခုထဲမှာ ခါးပတ် ၁၂ ခု ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော ဘောက်ဆာလည်း ဖြစ်ပါတယ်။ ဝိတ်တန်း ၈ ခုမှာ ပက်ကွီယိုဟာ ဖယ်သာဝိတ် ၊ ဖလွိုင်းဝိတ် ၊ လိုက်ဝိတ်နဲ့ ဝယ်သာဝိတ်တို့မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာသန်း ၂၀၀ ချမ်းသာပါတယ်။
