MMA Sports ကို ကျွန်တော်တို့ နိုင်ငံမှာ လူကြိုက်များလာတာ နှစ်သိပ်မကြာလှသေးပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကမှ စပြီး ခေတ်စားလာခဲ့တာ ဖြစ်လို့ ဘက်စုံကိုယ်ခံတိုက်ခိုက်ရေးပညာ MMA အကြောင်း ပြောစရာတွေက အများကြီးပါပဲ။ ဒီလို ပြောစရာတွေထဲကမှ ဒီတစ်ခေါက်မှာ လက်ရှိ MMA အားကစားသမားတွေထဲကမှ အချမ်းသာဆုံး ဖိုက်တာ ၅ ယောက်အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Cornor McGregor

Conor-McGregor

Photo: sportytell

အိုင်ယာလန် MMA ဖိုက်တာ ကော်နာမက်ဂရီဂေါ်ကတော့ မိတ်ဆက်စရာလိုမယ် မထင်ပါဘူး။ UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်ချန်ပီယံရှစ်တွေမှာ သူ့ရဲ့ MMA အောင်မြင်မှုကို အထင်းသား တွေ့မြင်ရမှာပါ။ နာမည်ကျော် ရှုံးပွဲမရှိလက်ဝှေ့ကျော် ဖလွိုက်မေဝဲလ်သာနဲ့ပါ ထိုးသတ်ခဲ့ဖူးတဲ့ UFC က ငစွာဖိုက်တာဟာ ဒီနှစ် ၂၀၂၁ မှာ ဒေါ်လာသန်း ၁၂၀ ခန့် ချမ်းသာပြီး အချမ်းသာဆုံး MMA ဖိုက်တာအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၂) Rorion Gracie

Rorion Gracie

Photo: Twitter

ရိုရီယွန် ဂရာစီဟာ ဘရာဇီး-အမေရိကန်လူမျိုး ဂျူဂျစ်ဆု ဂရန်းမာစတာတစ်ယောက် ဖြစ်သလို စာရေးဆရာ ၊ ထုတ်လုပ်သူ ၊ သင်တန်းဆရာနဲ့ UFC (Ultimate Fighting Championship) ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ ဘရာဇီးသား ဂျူဂျစ်ဆုထဲမှာ ၉ ဆင့်မြောက် ခါးပတ်နီရထားပြီး ဒီလိုခါးပတ်ပိုင်ရှင်မျိုးက ကမ္ဘာပေါ်မှာ သိပ်များများစားစား မရှိပါဘူး။ ဂရာစီဟာ MMA ဖိုက်တာတွေထဲမှာ အချမ်းသာဆုံးစာရင်းဝင်သူဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၅၀ ပိုင်ဆိုင်ထားပါတယ်။

(၃) Khabib Nurmagomedov

Khabib-Nurmagomedov-Wealthiest-MMA-Fighter

Photo: sportytell

၂၀၂၀ မှာ MMA လောက ကနေ အနားယူသွားပြီ ဖြစ်တဲ့ ခါဘစ်ဟာ UFC ရဲ့ သက်တမ်းအရှည်လျားဆုံး လိုက်ဝိတ်ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ ရုရှားလူမျိုး MMA ဖိုက်တာ အကျော်အမော်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အားကစားသမိုင်းမှာ ၂၉ ပွဲထိုးသတ်- ရှုံးပွဲမရှိမှတ်တမ်းစံချိန်ကို ပိုင်ဆိုင်ထားတာပါ။ MMA လောကမှာ သူ့ရဲ့ အောင်မြင်မှုကို အားလုံးက လေးစားရပါတယ်။ အခုတော့ သူဟာ ရုရှား MMA အဖွဲ့အစည်း Eagle Fighting Championships တစ်ခုကို တည်ထောင်ထားပါတယ်။ MMA သမားတွေထဲမှာ တတိယအချမ်းသာဆုံးဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာပါတယ်။

(၄) Georges St-Pierre

Georges-St-Pierre

Photo: sportytell

ကနေဒါလူမျိုး MMA အားကစားသမား ဂျော့ချ် ပီယာရဲဟာ UFC ဝယ်လ်သာဝိတ်ချန်ပီယံ ၃ ကြိမ်ရထားတဲ့ ဖိုက်တာ ဖြစ်ပါတယ်။ MMA ဖိုက်တာတွေထဲမှာ အကြီးကျယ်ဆုံးဖိုက်တာစာရင်းဝင်သူ ဖြစ်ပါတယ်။ ပီယာရဲဟာ UFC မှာတုန်းက မစ်ဒယ်ဝိတ်ရော ဝယ်သာဝိတ်ချန်ပီယံအဖြစ်ပါ စံချိန်တင်ခဲ့ပြီး ဒီနှစ်အတိုင်းအတာနဲ့ သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၃၀ ခန့် ရှိပါတယ်။

(၅) Brock Lesnar

Brock-Lesnar

Photo: sportytell

အမေရိကန်ပရော်ဖက်ရှင်နယ် နပန်းသမားနဲ့ MMA ကစားသမားဟောင်းတစ်ဦး ဖြစ်တဲ့ ဘရော့ခ် လက်စ်နာတစ်ယောက်ကို MMA ထက် နပန်းကြိုးဝိုင်းမှာပဲ ပိုလူသိများပါတယ်။ ဒါပေမယ့်လည်း MMA လောကမှာ လက်စ်နာဟာ ၂၀၀၈ ခုနှစ်က UFC Heavyweight Championship ကို အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ နပန်းလောကမှာ အကြီးအကျယ်အောင်မြင်မှုရခဲ့သလို UFC မှာပါ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော ဖိုက်တာပါပဲ။ ဘရော့ခ် လက်စ်နာရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၅ သန်း ခန့် ဖြစ်ပါတယ်။

Featured Image Photo: wallpaperaccess