ဒီတခေါက်တော့ kwee ပရိသတ်တွေအတွက် ပဟေဠိ ဆောင်းပါလေး တင်ပေးလိုက်ပါတယ်။ အဓိက ဇာတ်ဆောင်ကိုတော့ ဂျက်လို့အမည်ပေးထားပါတယ်။ ဒီ ပဟေဠိ တစ်ခုလုံးက ဂျက်ရဲ့ဘဝကို အခြေခံပြီး ဖွဲ့ထားခြင်းဖြစ်ပါတယ်။

ဂျက်ဟာ လူတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝဟာ စိန်ခေါ်မူတွေ အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပါ။ အသက်ကြီးလာတဲ့ အခါမှာတော့ ကြောက်စရာကောင်းတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ ကဲ ပဟေဠိ ပုစ္ဆာလေးတွေ စပြီးဖြေလိုက်ကြရအောင်။ အဖြေတွေကိုတော့ ဆောင်းပါးအဆုံးမှာ ဖော်ပြထားမှာဖြစ်ပေမယ့် ကိုယ်တိုင်ကြိုးစားပြီး ဖြေစေချင်ပါတယ်။

၁. ဂျက်ဟာ ငယ်စဉ်ကတည်းက လူတော်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာ/မ တွေကို သူ့ကိုသိပ်ပြီး သဘောမတွေ့ကြဘူး။ ဒါကြောင့် သူ့ကို ခက်ခဲတဲ့ ပုစ္ဆာတွေ ပေးလေ့ရှိကြတယ်။ ဒါပေမယ့် ဂျက်က ပုစ္ဆာတွေ အားလုံးကို ဖြေဆိုနိုင်ခဲ့တာချည်းပဲ။

အောက်ကပုစ္ဆာကို ပြင်ဆင်ရေးသားခြင်း (သို့) ဂဏန်းတွေ ရွှေ့ပြောင်းခြင်း မပြုပဲ ဖြေဆိုပါ။

၂. ဂျက်တစ်ယောက် ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အချိန်မှာ တောထဲကိုတစ်ယောက်ထဲ လမ်းလျှောက်ထွက်လေ့ရှိတယ်။ တစ်နေ့မှာ တောထဲက ရေတွင်းပျက်ကြီးထဲ ဂျက်တစ်ယောက် ကံမကောင်းစွာနဲ့ ပြုက်ကျသွားခဲ့ပါတယ်။ သူဟာ ရေတွင်းပျက်ထဲကနေ ထွက်သွားနိူင်ဖို့ အပြင်းအထန်ကြိုးစားပါတော့တယ်။

ရေတွင်းက မီတာ (၃၀) အနက်ရှိပါတယ်။ သူဟာ တစ်နေ့ကို (၃) မီတာ တတ်သွားနိုင်ခဲ့တယ်။ ဒါပေမယ့် ညဘက်ပင်ပန်းတဲ့အချိန်မှာ (၂) မီတာ လျှောကြလေ့ရှိတယ်။ ဒါဆိုရင် ဂျက်တစ်ယောက် ရေတွင်းပျက်ထဲကထွက်နိုင်ဖို့ အချိန်ဘယ်နှရက် ယူရမယ်ထင်ပါသလဲ။

၃. ဂျက်တစ်ယောက် အသက်အရွယ်ရလာတဲ့ အချိန်မှာတော့ မထင်မရှား ဆင်ခြေဖုံးရပ်ကွက်တခုမှာ အေးအေးဆေးဆေး အနားယူခဲ့ပါတယ်။ စာပို့သမားက ဂျက်ဆီနေံစဉ်စာပို့လေ့ရှိတယ်။ အစားအသောက်ပို့တဲ့ သူကလည်း နေစဉ်အစားအသောက်တွေ လာပို့လေ့ရှိတယ်။ သတင်းစာ ပို့တဲ့သူကလည်း နေ့တိုင်း လာပို့လေ့ရှိကြတယ်။ သောကြာနေ့တစ်နေ့မှာတော့ စာပို့တဲ့သူဟာ ဂျက်တစ်ယောက် သွေးအိုင်ထဲ လဲပြီးသေနေတာကို တွေ့ခဲ့တယ်။ သူဟာချက်ခြင်းပဲ ရဲကိုအကြောင်းကြားခဲ့ပါတယ်။ ရဲတွေက ဂျက်ကိုသတ်ခဲ့တဲ့ တရာခံကို ဖမ်းမိနိုင်ဖို့အတွက် သက်သေတွေ လိုက်ပြီးရှာပါတော့တယ်။

ဂျက်ရဲ့ စာပွဲပေါ်မှာ နို့ပုလင်းတွေရယ်၊ ဆေးအနည်းငယ်ရယ်၊ သော့ရယ်၊ အင်္ဂါနေ့ထုတ် သတင်းစာရယ်ရှိပါတယ်။ စာပို့သမားရယ် အစားအသောက်ပို့တဲ့သူရယ် သတင်းစာပို့တဲ့ သူရယ်က သံသယ တရာခံတွေဖြစ်ပါတယ်။

ဒါဆိုရင် ဂျက်ကိုသတ်ခဲ့တဲ့ တရာခံက ဘယ်သူဖြစ်မလဲ။

အဖြေများ

၁. ကျောက်သင်ပုန်းကို အပေါ်အောက်ပြောင်းပြန်လှန်လိုက်ရင် အဖြေရပါပြီ။

၂. ဂျက်တစ်ယောက် အပေါ်ကိုရောက်ဖို့ (၂၈) ရက်တိတိအချိန်ယူရပါမယ်။ (၂၄) နာရီတိုင်းမှာ ဂျက်ဟာ (၁) မီတာခရီးရောက်ပါတယ်။ (၂၇) ရက်နေ့အရောက်မှာ (၂၉) မီတာရောက်ပါမယ်။ ဒါပေမယ့် (၂) မီတာ လျှော့ကြတာကြောင့် ညဖက်မှာ (၂၇) မီတာအထိရောက်ရှိနေပါတယ်။ (၂၈) ရက်နေ့အရောက်မှာတော့ (၃) မီတာတတ်ရောက်နိုင်တာကြောင့် အပေါ်ကိုရောက်ရှိသွားပါပြီ။

၃. သတင်းစာပို့တဲ့လူဟာ ဂျက်အိမ်ကိုနေ့စဉ်သတင်းစာ အရောက်ပို့ရပါတယ်။ ဂျက်အိမ်မှာနောက်ဆုံးတွေ့ရတဲ့ သတင်းစာက အင်္ဂါနေ့ထုတ်သတင်းစာဖြစ်ပါတယ်။ ဂျက်ကိုတွေ့တာက သောကြာနေ့ပါတယ်။ သတင်းစာပို့တဲ့သူဟာ ဂျက်တစ်ယောက်သေနေပြီဆိုတာ သိတဲ့အတွက်ကြောင့် သတင်းစာလာမပို့တော့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဂျက်ကိုသတ်တဲ့တရာခံဟာ သတင်းစာပို့တဲ့သူပဲဖြစ်ပါတယ်။

Source: Bright Side