ပဟေဠိတွေဟာ ဂိမ်းဆိုတာထက်ပိုပါတယ်။ သူတို့တွေက လူတွေကိုဖျော်ဖြေပေးနိုင်ရုံသာမက လူတွေမတွေးတဲ့ဖက်ကနေ တွေးနိုင်ဖို့အတွက်လည်း လေ့ကျင့်ပေးပါတယ်။
ဒီနေ့တော့ kwee page ကပရိသတ်တွေအတွက် ခေါင်းစားစေမယ့် ပဟေဠိတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဖြေတွေအားလုံးကိုတော့ comment မှာဖော်ပြထားမှာဖြစ်ပေမယ့် အတတ်နိုင်ဆုံး အဖြေကိုအရင်မကြည့်ဘဲ မိမိကိုယ်တိုင်ဖြေနိုင်ဖို့ ကြိုးစားပေးစေလိုပါတယ်။
Source: Depositphotos
၁. အမျိုးသမီးတစ်ယောက်ဟာ လေထီးမပါပဲ လေယာဉ်ပေါ်ကနေ ခုန်ချသွားခဲ့ပါတယ်။ ဒါပေမယ့် မြေကြီးပေါ်ကို ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ရောက်ရှိသွားခဲ့ပါတယ်။ ဘာကြောင့်လို့ထင်ပါသလဲ။
Source: Depositphotos
၂. သင်ဟာ ပူစီဖောင်းတစ်လုံးကို ဓားတစ်ချောင်းနဲ့ ထိုးဖောက်ရပါမယ်။ ဒါပေမယ့် ပူစီဖောင်းထဲက လေတွေ မထွက်စေရဘူး။ အသံလည်းမထွက်ရပါဘူး။ သင်ဘယ်လိုလုပ်မလဲ။
၃. ပီတာ၊ ဆာလီ နဲ့ ဂျွမ် တို့ဟာ လူသေအလောင်းတစ်လောင်းရှေ့မှာ ရပ်နေကြပါတယ်။ ပီတာနဲ့ ဆာလီတို့က သူ့တို့ဟာ လူသတ်တရားခံတွေ မဟုတ်ကြောင်း ထွက်ဆိုချက်တွေပေးနေပါတယ်။ ဒါပေမယ့် စုံထောက်ဟာသူတို့တွေကို မယုံကြည်ပါဘူး။ ဒါပေမယ့် မေးခွန်းတွေမဖြေတဲ့ ဂျွမ်တစ်ယောက်ဘဲ အိမ်ပြန်လို့ရခဲ့ပါတယ်။ ဘာလို့ ဂျွမ်အိမ်ပြန်ခွင့်ရခဲ့သလဲ။
Source: Depositphotos
၄. ကုမ္ပဏီတစ်ခုရဲ့ ညစောင့်ဟာ သူဂျူတီဝင်တဲ့ညမှာ ကုမ္ပဏီရဲ့ ဥက္ကဌ စီးတဲ့ဓာတ်လှေကားပျက်ကြတယ်လို အိပ်မက်မက်ခဲ့တယ်။ ဒီအကြောင်းကို ဥက္ကဌ ကိုပြောပြလိုက်တယ်။ ဥက္ကဌ လည်းဓာတ်လှေကားမစီးဘဲနဲ့ ရိုးရိုးလှေကားမှတစ်ဆင့် သူ့ရုံးခန်းကို တတ်သွားခဲ့ပါတယ်။ ခဏကြာတော့ ဓာတ်လှေကားကြီးက ညစောင့်ပြောသလို ပျက်ကြသွားပါတော့တယ်။
ဥက္ကဌကြီးလည်း ညစောင့်ကို ကျေးဇူးတင်းလွန်းတာကြောင့် ဆုငွေတွေ အမြောက်အမြားပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ညစောင့်ကို ချက်ခြင်းပဲ အလုပ်ဖြုတ်ပလိုက်ပါတယ်။ ဘာကြောင့် အလုပ်ဖြုတ်လိုက်တယ်ထင်ပါသလဲ။
Source: Depositphotos
၅. ခြင်းထဲမှာ ပန်းသီး (၆) လုံးရှိနေတယ်။ လူ (၆) ယောက်က အညီအမျှ တစ်လုံးစီခွဲဝေကြတယ်။ လူတစ်ယောက် ပန်းသီးတစ်လုံးစီရကြတယ်။ ဒါပေမယ့် ခြင်းထဲမှာ ပန်းသီး (၁) လုံးကျန်နေခဲ့ပါတယ်။ ဘာကြောင့်လို့ထင်ပါသလဲ။
အဖြေများ
၁. လေယာဉ်က မြေကြီးပေါ်မှာပဲရှိသေးလို့ပါ။
၂. လေမထိုးရသေးတဲ့ ပူစီဖောင်းကိုယူပြီးဖောက်လိုက်ပါ။
၃. ဘာလို့လဲဆိုတော့ ဂျွမ်က စုံထောက်ဖြစ်နေလို့ပါပဲ။
၄. အကြောင်းပြချက်ကတော့ ညစောင့်က အိပ်ပျော်နေခဲ့လို့ပါ။
၅. ပထမ (၅) ယောက်က ခြင်းထဲက ပန်းသီးတစ်လုံးစီယူသွားတယ်။ တစ်လုံးပဲကျန်တယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကပန်းသီးကိုမယူဘဲ ခြင်းကိုပါယူသွားလို့ပါ။