ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းပေါ်လိုက်ပြီး ဖက်ရှင်ဟာလည်း လူတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်လာပြီပဲ ဖြစ်ပါတယ်။ ဖက်ရှင်ရဲ့အခန်းကဏ္ဍဟာ ကြီးထွားလာတာနဲ့အမျှ လူတိုင်းလူတိုင်း ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး အံဝင်ခွင်ကျဖြစ်တဲ့ အဝတ်အစားတွေကိုပဲ ရွေးချယ်ဝတ်ဆင်လာကြပါတယ်။

ဒီလိုအဝတ်အစား ရွေးချယ်ကြတဲ့အခါမှာလည်း ကိုယ်ရွေးချယ်တဲ့ အဝတ်အစားအရောင်ဟာ အရေးပါလာပြန်ပါတယ်။ ကြုံရာ အဆင်ပြေသလိုဝတ်ဆင်တာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပါက သင့်ကိုပိုပြီးဖက်ရှင်ကျစေမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ ရဲ့ အသားရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖက်ရှင်တွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်သင့်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) အသားညိုသူ

Source : Super WOW cascara.live in 2018 Amazing Informations

မြန်မာအပါအဝင် အရှေ့တောင်အာရှသားတွေ တော်တော်များများမှာ အညိုဆင်လေးတွေများပါတယ်။ ဒီလိုအညိုဆင် အသားရေပိုင်ရှင် ယောက်ျားလေးတွေအတွက် အလိုက်ဖက်ဆုံးအဝတ်အစား အရောင်တွေကတော့ သနပ်ခါးရောင် ၊ ကြက်သွေးရောင် ၊ အပြာရင့်ရောင်၊ အမဲရောင် စတဲ့အရောင်လေးတွေ ဝတ်ဆင်ပေးသင့်ပါတယ်။ စစ်စိမ်းရောင်၊ အညိုရင့်ရောင်၊ စိမ်းဝါရောင်၊ အနီရောင်တွေကတော့ အသားညိုတဲ့ အမျိုးသားတွေနဲ့ အနည်းငယ် လိုက်ဖက်မှုသိပ်မရှိတာကြောင့် ရှောင်ဝတ်သင့်တဲ့ အရောင်လေးတွေဖြစ်ပါတယ်။

(၂) အသားဖြူသူ

Source : Fashionbeans

အသားဖြူတဲ့ အမျိုးသားတွေဟာ အရောင်တော်တော် များများနဲ့ လိုက်ဖက်မှုရှိတာတော့ ထူးခြားတဲ့ကံဇာတာလို့ပဲ ပြောရပါမယ်။ အဖြူရောင်၊ အမဲရောင် ၊ အပြာနုရောင် ၊ အညိုရောင် ၊ ပန်းရောင် ၊ ကာကီရောင် စတဲ့အရောင် တော်တော်များများနဲ့ ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ ဒါအပြင့် အရောင်အရင့်တွေနဲ့လည်း လိုက်ဖက်ပါတယ်။ လိမ္မော်ရောင်၊ ခရမ်းရောင် ၊ အနီရောင် စတဲ့အရောင်တောက်တောက်တွေတော့ ရှောင်သင့်ပါတယ်။

(၃) အသားလတ်သူ

Source : MenOption

အသားလတ်သူ ဆိုတာကတော့ အရမ်းလည်းမဖြူ အရမ်းလည်းမညိုတဲ့ အသားရေပိုင်ရှင်တွေကို ပြောချင်တာဖြစ်ပါတယ်။ ဒီလိုအသားရေပိုင်ရှင်တွေကတော့  ကြက်သွေးရောင် ၊ အပြာရင့်ရောင် ၊ ကာကီရောင် ၊ အမဲရောင်၊  မီးခိုရောင် စတဲ့အရောင်လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ အသားလတ်တဲ့ အမျိုးသားတွေအနေနဲ့ မော်ဒယ်စိမ်းရောင်၊ ခရမ်းနုရောင် စတဲ့အရောင်ခပ်နုနုတွေကို ရှောင်ကြဉ်ပေးမယ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။