မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ယခုရာသီ ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

မြောက်လန်ဒန်ပြိုင်ဘက်အသင်း ၂ သင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၆ နဲ့ အဆင့် ၈ နေရာတို့မှာ အသီးသီး ရာသီပြီးဆုံးခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အက်ဖ်အေဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Metro

ဒါပေမယ့်လည်း ၂ သင်းစလုံးဟာ ဥရောပထိပ်သီးပြိုင်ပွဲမှာ ကစားခြင်းရဲ့အကျိုးအမြတ်အဖြစ် ဘဏ္ဍာရေးအခြေအနေကောင်းမွန်စေမှာဖြစ်တဲ့အတွက် ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့ ဦးတည်ကြိုးပမ်းသွားကြမှာဖြစ်ပါတယ်။

ဒါပေမယ့် ဖာဒီနန်က မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့က လီဗာပူးနဲ့ မန်စီးတီးပြီးရင် ကျန်နေရာ ၂ နေရာကို သိမ်းပိုက်မှာဖြစ်တာကြောင့် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ထိပ်ဆုံးလေးနေရာဝင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

Photo : Metro

“ထိပ်ဆုံးလေးနေရာအတွက် မန်စီးတီး၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးတို့ကို ကျွန်တော် ရွေးချယ်မှာပါ”လို့ Five YouTube ချန်နယ်ကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။