ရီယို ဖာဒီနန် က လူကာကူအနေနဲ့ ၎င်းရဲ့ ချဲလ်ဆီး အသင်းဖော်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အကူအညီမပေးနိုင်ခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်သင့်တယ်လို့ ယုံကြည်နေပါတယ်။
Photo: Football365
ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်အတွင်း ဘောလုံး ၇ ကြိမ်သာ ထိနိုင်ခဲ့တာကြောင့် နောက်ထပ် ဆိုးရွားတဲ့စံချိန်သစ်တစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူရဲ့ စွမ်းဆောင်ရည်ကို အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက Match of the Day မှာ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် ကစားခဲ့တဲ့အချိန်တုန်းက ကျွန်တော်သာ ဘောလုံး များများစားစား မရဘူးဆိုရင်၊ ကျွန်တော်သာ အထောက်အပံ့ မရဘူးဆိုရင် ကျွန်တော် လူတွေကို ဒေါသတကြီး အော်ဟစ်မိပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်ကလည်း လူကာကူအနေနဲ့ ချဲလ်ဆီးအခြား တိုက်စစ်ကစားသမားတွေရဲ့ စိတ်ပျက်အောင် လုပ်ခြင်းကို ခံခဲ့ရတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။
Photo: Daily Mail
“ကျွန်တော် ဂယ်ရီ လိုင်နီကာနဲ့ အလန် ရှီးယားရားတို့ ပြောတာ သဘောတူတယ်။ ဒါနဲ့ စကားမစပ် တစ်ယောက်ယောက်ကများ သူတို့ရဲ့ မှတ်ချက်တွေကို မြင်တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်သာ လူကာကူဆိုရင် ဒေါသထွက်သွားမှာပါ။ ကျွန်တော်ဆိုရင် ငါ့ကို ဘောလုံးပေးစမ်းပါ။ တောင်ပံကနေ ထိုးဖောက်ပြီး ငါ့ကို ဘောလုံးဖြတ်တင်ပေးစမ်းပါ။ ခင်ဗျား အခွင့်အရေးရတဲ့အခါမှာ ဘောလုံးနောက်မှာ ကစား၊ ငါ့ရဲ့ ကြံ့ခိုင်မှုအားသာချက်နဲ့ ကစားလို့ ပြောမှာပါ”
“အဲဒါက အခုအချိန်မှာ ချဲလ်ဆီးနဲ့ပတ်သက်ပြီး ခင်ဗျား ရှိနေတဲ့ အကြီးမားဆုံးပြဿနာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ အကောင်းဆုံးအသင်းက ဘာလဲ။ တူဟယ်က လက်ရှိအချိန်မှာ သူ့ရဲ့အကောင်းဆုံးအသင်းကို သိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ ပေါင်သန်း ၁၀၀ တန်ကစားသမားကို ထည့်ကစားချင်တယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ သူက သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် အနည်းငယ် ဆိုးရွားတဲ့ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေခဲ့ရတယ်”
Photo: Si.com
“သူတို့တွေ သူ့ရဲ့အားသာချက်နဲ့ ကစားဖို့ နည်းလမ်းကို ရှာဖွေရပါမယ်။ လူကာကူရဲ့ အားသာချက်တွေနဲ့ ကစားရမှာပါ။ သူတို့တွေက ဘာတွေလဲ။ သူက ပင်နယ်တီဧရိယာထဲမှာ မြေခွေးတစ်ကောင်ပဲ။ ခင်ဗျား ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရပြီး သူ့ဆီကိုသာ ဘောလုံး ချပေးလိုက်မယ်ဆိုရင် သူ ကန်သွင်းလိုက်လိမ့်မယ်။ သူ့ကစားသမားဘဝတလျှောက်လုံး သူ နေရာတိုင်းမှာ အဲဒီလို လုပ်နိုင်တာကို ပြသခဲ့ပါတယ်။ ခင်ဗျား သူ့ဆီ ဘောလုံးဖြတ်တင်ပေးရင် သူ အဆုံးသတ်ပေးနိုင်တယ်။ သူ ဘောလုံးနောက်ကနေ ဂိုးဆီကို ပြေးလွှားပြီး သူ့ ပြေးလမ်းမှာရှိတဲ့ လူတွေကို ကျော်ဖြတ်ဖို့ ဘူဒိုဇာလို ထိုးကော်သွားရတာကို နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Metro