ရီယို ဖာဒီနန်ဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁၀ မိနစ်အတွင်း မန်ချက်စတာစီးတီးအသင်း အဖွင့်ဂိုး ခွင့်ရခဲ့ရပြီးနောက် လာပို့တ်နဲ့ ရူဘင် ဒီယက်စ်တို့ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဘတ်ပီနဲ့ မက်ဆီတို့ ပါဝင်ခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းချန်ပီယံအသင်းဆီကနေ သပ်ရပ်တဲ့ တိုက်စစ်ပုံဖော်မှုကနေတဆင့် အီဒရစ်ဆာ ဂေးယီအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး အဲဗာတန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ဂိုးအပေါ်ထောင့်ကို အားပြင်းပြင်းနဲ့ အလျင်အမြန် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် ၂၃ ပွဲမြောက် ပါဝင်ကစားပေးခဲ့ရာမှာ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ကလပ် ဘရုဂျ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် နိုင်ပွဲ စတင်ရရှိခဲ့တာဖြစ်ပါတယ်။

Rio Ferdinand slams Man City’s Ruben Dias and Aymeric Laporte for their roles in PSG opener

Photo: Metro

ဒါပေမယ့် ဖာဒီနန်က ဘတ်ပီ ပြန်ချပေးလိုက်တဲ့ ဘောလုံးကို ပိတ်ဆို့နိုင်ခဲ့ခြင်းမရှိခဲ့တဲ့ လာပို့တ်နဲ့ ဒီယက်စ်တို့ ၂ ဦးဟာ ဂိုးကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာထက် ပိုလုပ်နိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားသာ ဒီယက်စ်ဆိုရင် လာပို့တ်ကို ခင်ဗျား အော်ဟစ်ပြီး အဲဒီကို သွားပြီး ဘတ်ပီကို မြန်မြန်ကပ်လို့ အော်မှာပဲ။ ဘာလို့လဲဆိုတော့ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ပင်နယ်တီဧရိယာထဲမှာ လုံလောက်တဲ့ အသင်းဖော်တွေ ရှိမနေခဲ့ဘူးလေ”

“သူ ရပ်နေတဲ့အချိန်နဲ့ ကန်သွင်းသွားတဲ့အချိန်ကြားထဲမှာ ဆုံးဖြတ်ချက် မြန်မြန်မချနိုင်တာက ကွင်းဆက်အကျိုးသက်ရောက်မှုဖြစ်ခဲ့ပြီး ကျန်တဲ့လူတွေအားလုံးကို အခြေအနေကို ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားစေသလို ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Flipboard