အခုလို မိုးလေးခပ်ဖွဲဖွဲရွာတဲ့ ရာသီမှာ ဘော်ဒါတွေနဲ့ ကားလေးမောင်းရင်း Road Trip ထွက်ရတဲ့ ဖီလင်လောက် ကောင်းတာ မရှိပါဘူး။ Road Trip ထွက်တဲ့အခါ လမ်းတစ်လျှောက်‌ ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေသီဆိုရင်း သွားရတာလည်း တကယ်ကိုပျော်စရာကောင်းပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Road Trip ချိန်မှာ ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး သီဆိုရင်း ခရီးနှင်နိုင်ဖို့ သီချင်း ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Castle On The Hill – Ed Sheeran

Source : Ed Sheeran

Ed Sheeran ရဲ့ ပျော်စရာ သီချင်းလေး Castle On The Hill နဲ့ စလိုက်ရအောင်ပါ။ ဒီသီချင်းလေးက ငယ်ဘဝအမှတ်တရတွေကို ပြန်လည်တူးဆွပေးမယ့် သီချင်းလေးဆိုလည်း မမှားပါဘူး။

(၂) Barbie World – Nicki Minaj & Ice Spice (With Aqua)

Source : Nicki Minaj

ပြီးခဲ့တဲ့နှစ်ထဲမှာ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ Barbie ရုပ်ရှင်နဲ့အပြိုင် ထွက်ရှိလာတဲ့ သီချင်းလေးပါ။ Barbie World သီချင်းလေးကို Nicki Minaj ၊ Ice Spice နဲ့ Aqua တို့ ၃ ယောက် ပူးပေါင်းဖန်တီး ထားပါတယ်။ MV အမိုက်စားနဲ့ မြူးမြူးကြွကြွ သီချင်း ကောင်းတစ်ပုဒ် ဖြစ်တာကြောင့် ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၃) Levitating – Dua Lipa Featuring DaBaby

Source : Dua Lipa

Dua Lipa ရဲ့ Levitating သီချင်း လေးကတော့ အားလုံးရဲ့ရပြီးသားဖြစ်တာမလို့ Road Trip ထွက်တဲ့အချိန် ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး လိုက်ဆိုလို့ကောင်းတဲ့ သီချင်းကောင်းလေးပဲ ဖြစ်ပါတယ်။

(၄) Old Town Road – Lil Nas X Featuring Billy Ray Cyrus

Source : Lil Nas X

Road Trip ထွက်တဲ့အချိန် သေချာပေါက် နားထောင်ရမယ့် သီချင်းလေးတစ်ပုဒ်လို့ ပြောရရင်မမှားနိုင်ပါဘူး။ Lil Nas X နဲ့ Billy Ray Cyrus တို့ပူးပေါင်းဖန်တီးထားတဲ့ အလန်းဆုံး သီချင်းကောင်းလေး တစ်ပုဒ်ပါ။ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တာ ဆိုပေမယ့် အခုအချိန်ထိ လူကြိုက်များနေဆဲ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) Highway to Hell – AC/DC

Source : AC/DC

Rock ပရိသတ်ကြီးအတွက် AC/DC ရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကိုလည်း ထည့်ပေးလိုက်ပါတယ်။ Highway to Hell သီချင်းကတော့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ သေချာပေါက် လိုက်အော် သီဆိုရင်း ပျော်ရမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၆) Take It Easy – Eagles

Source : Eagles

Country သီချင်းလေးတွေ ဖွင့်ပြီး Road Trip ထွက်ရတဲ့ ဖီလင်ကို ကွီးတို့သေချာပေါက် ခံစားကြည့်ပါ။ လုံးဝမိမိုက်နေတဲ့ အရသာကို ခံစားရရှိမယ်ဆိုတာ အာမခံပါတယ်။ Eagles အဖွဲ့ရဲ့ Take It Easy သီချင်းလေးကတော့ Road Trip ထွက်တဲ့အချိန်နဲ့ လုံးဝကွက်တိပါပဲ။

(၇) Let Me Ride – Dr. Dre

Source : Dr. Dre

နောက်ဆုံးတစ်ပုဒ်ကိုတော့ Hip-Hop ပရိသတ်တွေအတွက် ရွေးချယ်ပေးထားပါတယ်။ Dr. Dre ရဲ့ Let Me Ride သီချင်းလေးနဲ့ တငြိမ့်ငြိမ့်လွင့်ရင်း လမ်းတစ်ခရီးတစ်လျှောက် စီးမြောခံစားကြည့်ပါ။ လုံးဝမိုက်တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်တာကြောင့် အများကြီး မညွှန်းတော့ပါဘူး။ ကွီးတို့ကိုယ်တိုင်ပဲ ခံစားနားဆင်ကြည့်လိုက်ပါနော်။

အခုတင်ဆက်ပေးခဲ့တာကတော့ Road Trip ထွက်ချိန်မှာ နားထောင်လို့ကောင်းတဲ့ Playlist ပါ။ ကွီးတို့ရော Road Trip ထွက်ပြီဆို ဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Source : SiriusXM

Featured Photo : Travel Daily Media