Robert Downey Jr ဆိုတာကတော့ MCU ဇာတ်ကား များနှင့် နာမည်ကြီးတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ Iron Man ကာရိုက်တာအဖြစ်လည်း နာမည်ကြီးသလို သူ့ရဲ့အခြားသော ဇာတ်ကားများသည်လည်း အောင်မြင်ကျော်ကြား လူကြိုက်များပါတယ်။

သူသည် ၁၉၆၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူသည် မအောင်မြင်ခင်တုန်းက အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသူတစ်ယောက်ပါ။ သို့သော် ဘဝကို အရှုံးမပေးဘဲ သူ ဖြစ်ချင်တဲ့အရာကို ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

Robert Downey Jr ရဲ့ လူကြိုက်များတဲ့ ဇာတ်ကား ကောင်းတွေကို သူ့ရဲ့အမာခံပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Good Night, and Good Luck

ဒီဇာတ်ကားလေးကတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လွှတ်တော်အမတ် Joseph McCarthy သည် ကွန်မြူနစ်ဝါဒ ဖြန့်ဖို့ကို ကြိုးစားတဲ့အခါ CBS သတင်းငှာနမှ Edward R. Murrow ဆိုသူသည် သူ့ရဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ရပ်များကို ပြည်သူအများအား ဖွင့်ချဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီဇာတ်ကားလေးသည် ဆုတံဆိပ်ပေါင်းများစွာ ရရှိထားတဲ့ ကားတစ်ကားဖြစ်တာကြောင့် ကြည့်ရှုသူများအားလုံး အကြိုက်တွေ့ကြမှာပါ။

Source: Rotten Tomatoes Classic Trailers

Captain America: Civil War

ဒီဇာတ်ကားကတော့ Marvel ဖန်တွေအနေနဲ့ ထပ်တလဲလဲ ကြည့်ဖူးကြမယ့် ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၆ က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Captain America နဲ့ Iron Man တို့ နှစ်ယောက်ကြား ဘယ်လိုကတောက်ကဆဖြစ်ရာကနေ Civil War အထိဖြစ်သွားသလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Source: Marvel Entertainment

Chef

Robert Downey Jr ဇာတ်ကား

Photo: Screenrant

ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကား ကောင်းတစ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Chef ဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Robert Downey Jr ရဲ့ ဇာတ်ဝင်ခန်းတွေကို အနည်းအကျဉ်းလောက်သာ မြင်ရတယ်ဆိုပေမယ့်လည်း ကြည့်ရှုသူအဖို့ စိတ်ပြေလက်ပျောက်ဖြစ်သွားစေမယ့် ဇာတ်ကား ကောင်းတစ်ကားဆိုတာတော့ ရဲရဲကြီးပြောရပြါတယ်။

Source: Rotten Tomatoes Classic Trailers

The Avengers

၂၀၁၂ ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ညွှန်းနေစရာမလိုအောင် အားလုံး ကြိုက်ကြမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ထင်မိပါတယ်။ မကြည့်ရသေးသူတွေအဖို့လည်း ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုဖို့ လက်တို့ပေးလိုက်ပါတယ်။

Source: Marvel Entertainment

Iron Man

ဒီဇာတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Iron Man ဆိုပြီး ဘယ်လိုဖြစ်လာသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို အရင်ကြည့်သင့်ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်လည်းဖြစ်သလို ပါရမီလည်းပါတဲ့ အင်ဂျင်နီယာတစ်ယောက်သည် လက်နက်ကုမ္ပဏီကို ဦးစီးဦးဆောင်ပြုနေတာဖြစ်ပါတယ်။ အာဖကန်နစ်စတန်မှာ လက်နက်စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ရန်အတွက် သွားရောက်နေစဉ်မှာပဲ လမ်းတစ်ဝက်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာတော့ Iron Man မှာ ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Rotten Tomatoes Classic Trailers

Kiss Kiss Bang Bang

သူခိုးတစ်ယောက်သည် ရဲတွေလက်ထဲကနေ ထွက်ပြေးနေရင်းနဲ့မှ သရုပ်ဆောင်ရွေးပွဲတွင် ဝင်ပြိုင်ရာမှ ထိုလူရွေးပွဲမှ ရွေးချယ်ခံလိုက်ရပါတယ်။ ရဲတွေလက်ထဲကနေ ဘယ်လိုပြေးရင်း သရုပ်ဆောင်မလဲဆိုတာကို သိချင်ရင်တော့ Kiss Kiss Bang Bang ရဲ့ ဇာတ်ကားအမြည်းလေးကို ကြည့်ရှုကြည့်လိုက်ပါ။

Source: Rotten Tomatoes Classic Trailers

Avengers: Endgame

Marvel ဖန်တွေရဲ့ ရင်ထဲမှာ တသသနဲ့ စွဲကျန်ရစ်နေစေမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Tony Start တဖြစ်လည်း Robert Downey Jr ရဲ့ သရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့ရမယ့် အမိုက်စား ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။

Source: Marvel Entertainment

Zodiac

ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ကွင်းဆက်လူသတ်သမားကို သဲလွန်စများကနေတဆင့် စုံထောက်များက လိုက်ဖက်ကြတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

Robert Downey Jr. အပြင် Jake Gyllenhaal နှင့် Mark Ruffalo တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Source: Rotten Tomatoes Classic Trailers

Avengers: Infinity War

ဒီဇာတ်ကားလေးကတော့ Endgame ရဲ့ ပထမပိုင်းပဲဖြစ်ပါတယ်။ Endgame မကြည့်ခင်မှာ MCU စီးရီးတွေကို အဝ ကြည့်ပြီးမှ ဒီဇာတ်ကားကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Source: Marvel Entertainment

Featured Image: screenrant