Twilight စီးရီးနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားချော ရောဘတ်ပတ်တင်ဆန်တစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ရိုက်လက်စ The Batman ရုပ်ရှင်ကို ရပ်နားလိုက်တယ်လို့ VanityFair သတင်းက ဆိုပါတယ်။  “The Batman ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင်တစ်ယောက်မှာ COVID-19 ကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အခု လုပ်ထုံးလုပ်နည်းနဲ့အညီ သီးသန့်ခွဲထားပါတယ်။ ရိုက်ကူးရေးကိုလည်း ယာယီ ရပ်ထားပါတယ်”လို့ Warner Bros က VanityFair ကို ပြောပါတယ်။

Photo: poptimesuk

ရောဂါကူးစက်ခံရသူဟာ ဘယ်သူဘယ်ဝါလို့တော့ စတူဒီယိုဘက်မှ ပြောကြားခြင်း မရှိပါဘူး။ လောလောဆယ် နိုင်ငံတကာ မီဒီယာတွေမှာတော့ COVID-19 ကူးစက်ခံရသူဟာ The Batman မင်းသား ရောဘတ်ပတ်တင်ဆန်ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ The Batman ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေး အကြိမ်ကြိမ် ရပ်နားခဲ့တာပါ။ အစောပိုင်းက လာမယ့်နှစ် ဇွန်လထဲ ရုံတင်နိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ၂၀၂၁ အောက်တိုဘာလကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Source : Toronto Sun

တကယ်လို့ မင်းသားပတ်တင်ဆန်သာ ကျန်းမာရေးထိခိုက်မယ်ဆိုရင် ရုပ်ရှင်ဟာ ထပ်မံပြီး ကြန့်ကြာဖို့ ရှိပါတယ်။