သမိုင်းအဆက်ဆက်မှာ ဂီတလောကဟာလည်း ဆင့်ကဲဖွံ့ဖြိုးပြောင်းလဲ လာခဲ့ပြီ ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး နာမည်ကျော်မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Rolling Stone ဟာ Music သမိုင်းမှာ မှတ်တမ်းတင်ခံရတဲ့ အခမ်းနားဆုံးသီချင်းတွေအကြောင်းကို ၂၀၀၃ ခုနှစ်က တကြိမ် ဖော်ပြခဲ့ဖူးပါတယ်။ ဆယ်စုနှစ် နှစ်ခုနီးပါးအကြား ခေတ်အပြောင်းအလဲတွေအကြားမှာ အကြီးကျယ်ဆုံးသီချင်းစံချိန်ဟာလည်း အပြောင်းအလဲ ရှိလာပါတယ်။

ဒီဆောင်းပါးမှာ Rolling Stone ရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသီချင်းအယ်လ်ဘမ်အချပ် ၅၀၀ စာရင်းသစ်ကနေ ပြန်ပြီး ကောက်နှုတ်ဖော်ပြထားတာပါ။ ဘယ်သီချင်းအယ်လ်ဘမ်တွေက The Greatest စာရင်းဝင်သလဲ ကြည့်လိုက်ရအောင်ပါ။

(၁) The Beatles , ‘Abbey Road’

The Beatles, 'Abbey Road'

Photo: usatoday

၆၀ ပြည့်လွန်နှစ်တွေက ဩဇာအကြီးမားဆုံး Band တစ်ခုဖြစ်တဲ့ The Beatles ရဲ့ Abbey Road ဟာ Rolling Stone မဂ္ဂဇင်းရဲ့ အကြီးကျယ်ဆုံးအယ်လ်ဘမ်များစာရင်းမှာ ဖော်ပြခံထားရပါတယ်။ Abbey Road အယ်လ်ဘမ်ကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကို အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂျွန်လန်နွန်က အဖွဲ့ခွဲဖို့ အသိပေးပြီး ရက်အနည်းငယ်အကြာမှာ ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။

(၂) Stevie Wonder , ‘Songs In The Key of Life’

Stevie Wonder, 'Songs in the Key of Life'

Photo: JFCS Pittsburgh

Blues ဂီတလောကကို လွှမ်းမိုးခဲ့သူ စတီဗီ ဝမ်းဒါး အသက် ၂၆ နှစ်အရွယ်လောက်က ထွက်ခဲ့တဲ့ Songs In The Key Of Life အယ်လ်ဘမ်ဟာ သူ့ရဲ့ အကောင်းဆုံးအယ်လ်ဘမ်တစ်ချပ်ဖြစ်ခဲ့သလို R&B လောကကို လှုပ်ခတ်နိုင်ခဲ့တဲ့သီချင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ Songs အယ်လ်ဘမ်မှာ Sir Duke ၊ I Wish ၊ Isn’t She Lovely? ၊ Knocks Me Off My Feet ၊ Black Man နဲ့ Pastime Paradise တို့လို Blues နဲ့ Classics သီချင်းတွေလည်း ပါခဲ့ပါတယ်။

(၃) Joni Mitchell , ‘Blue’

Joni Mitchell, 'Blue'

Photo: YouTube

ကနေဒါအဆိုတော် ဂျိုနီမစ်ချဲလ်ဟာ လူမှုဘဝနဲ့ ဒဿနဆိုင်ရာ အတွေးစတွေကို ထင်ဟပ်တဲ့ Pop ၊ Rock ၊ Classical နဲ့ Jazz သီချင်းတွေ ဆိုလေ့ရှိပါတယ်။ Rolling Stone ရဲ့ အကြီးကျယ်ဆုံး အယ်လ်ဘမ်တွေထဲမှာ ဖော်ပြခံရတဲ့ Blue ခွေက ၁၉၇၁ ခုနှစ် ဇွန် ၂၂ ရက်နေ့မှာ ထွက်ခဲ့တာ ပါ။ Blue မှာ All I Want , My Old Man , Little Green နဲ့ Carey တို့ ပါဝင်ပါတယ်။

(၄) The Beach Boys , ‘Pet Sounds’

The Beach Boys , 'Pet Sounds'

Photo: theatlantic

Pet Sounds အယ်လ်ဘမ်ကို ၁၉၆၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာ ဖြန့်ချိပါတယ်။ အခွေထဲမှာ Sloop John B , Wouldn’t It Be Nice , God Only Knows နဲ့ Caroline , No တို့ ပါဝင်ပါတယ်။

(၅) Marvin Gaye , ‘What’s Going On’

Marvin Gaye , 'What's Going On'

Photo: The Guardian

What’s Going On ခွေက အမေရိကန်အဆိုတော်နဲ့ ထုတ်လုပ်သူ မာဗင် ဂါရေးရဲ့ ၁၁ ချပ်မြောက် စတူဒီယိုအယ်လ်ဘမ်ပါ။ ထွက်တာက ၁၉၇၁ ခုနှစ် မေ ၂၁ ရက်ပါ။ ဗီယက်နမ်စစ်ပြန်တစ်ယောက် အမိနိုင်ငံကို ပြန်ရောက်လာပြီး ကြုံခဲ့ရတဲ့ အမုန်းတရား ၊ ဒုက္ခနဲ့ မတရားမှုတွေအကြောင်း နောက်ကြောင်းပြန်တဲ့ ပုံစံနဲ့ ဖန်တီးထားတာပါ။ ဒီအခွေဟာ အကောင်းတကာ့အကောင်းဆုံး အယ်လ်ဘမ်စာရင်းဝင် သီချင်းခွေတစ်ချပ် ဖြစ်ခဲ့ပါတယ်။

Featured Photo: The Guardian