ချစ်သူစုံတွဲတွေအနေနဲ့ Netflix & Chilling လုပ်ဖို့ Romantic Movie Collection ကိုတင်ဆက်ပေးလိုက်ပါတယ်။အချစ်ဇာတ်လမ်းလေးတွေ တူတူကြည့်ရင်း အမှတ်တရတွေကို တူတူပြန်သွားနိုင်အောင် ကြည့်လိုက်ရအောင်။
(၁) Crazy Rich Asians
Source : Jing Daily
ဒီဇာတ်လမ်းကတော့ 2018မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Romantic & Comedy ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ Romeo & Julietလိုမျိူး မတူညီတဲ့အသိုင်းဝိုင်းနှစ်ခုကြားမှာ အချစ်ရဲ့စွမ်းအင်တစ်ခုထဲနဲ့ ချစ်သူနှစ်ယောက်ကြံ့ကြံ့ခံပြီး ပေါင်းဖက်နိုင်ပါ့မလား၊ ကွဲကွာသွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါ။
(၂) Romeo & Juliet
Source : Vanity Fair
ကမ္ဘာကျော်စာရေးဆရာကြီး Shakespearရဲ့ ဂန္တဝင်ဝတ္ထုတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းကို ပိတ်ကားထပ်မှာ အကြိမ်ကြိမ်ပုံဖော်ခဲ့ကြပေမဲ့ အနှစ်သာရအပြည့်ပေးစွမ်းနိုင်ခဲ့တာကတော့ 1996 Version ပဲဖြစ်ပါတယ်။တိုက်တန်းနစ်မင်းသား လီယိုနာဒိုရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ သေသပ်သရုပ်ဆောင်မှုတွေကို ကြည့်ရှုခံစားနိုင်မှာပါ။
(၃) The Notebook
Source : Glamour
“Old but gold”လို့ ပြောရင်မမှားနိုင်လောက်အောင် အခါခါကြည့်လဲ မရိုးနိုင်တဲ့ ၂၀၀၄မှာထွက်ရှိခဲ့တဲ့ ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။၁၉၄၀ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ စတင်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခေတ်နောက်ပြန်ပုံဖော်ထားပါတယ်။ဒီကားဟာလဲ မိသားစုနောက်ခံအသိုင်းဝိုင်းချင်း မညီမျှမှုတွေကြောင့် ချစ်သူနှစ်ဦးရဲ့ အချစ်တွေက နွေဦးအိပ်မက်တစ်ခု အဖြစ်နဲ့ပဲ ပြီးဆုံးသွားမလား?သူတို့ရဲ့ မျော်လင့်ချက်တွေ တကယ်ပဲ ပြည့်သွားမလား?ဆိုတာ ဝိရောဓိဆန်ဆန် အချစ်ရဲ့နက်နဲသိမ်မွေ့မှုနဲ့အတူ ခံစားရမှာပါ။