ကိုယ်ချစ်ရတဲ့ ကိုယ့်ချစ်သူနဲ့ တစ်သက်မှာ တစ်ခါသာ မင်္ဂလာဆောင်ရတာဖြစ်တဲ့အတွက်ကြောင့် ဟန်းနီးမွန်းခရီးသည် အမှတ်တရအဖြစ် တစ်သက်လုံးအမှတ်ရနေစေမယ့် နေရာမျိုးကို သွားသင့်ပါတယ်။

ခရီးသွားရတာကို နှစ်သက်တဲ့ ဟန်းနီးမွန်းစုံတွဲများအတွက် ကမ္ဘာပေါ်ရှိ အလှပဆုံးနှင့် ရိုမန့်တစ်အဆန်ဆုံးနေရာအချို့ကို ဝေမျှပေးချင်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့

romantic places for honey trip

အီဖယ်တာဝါကြီးသည် ညအချိန်တွင် မီးဆိုင်းများ၊ ရေပန်းများနှင့် အင်မတန်လှပတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မနက်ပိုင်းမှာ ပါရီမြို့အနှံ့လျှောက်လည်ပြီး ညပိုင်းအချိန်တွင် အီဖယ်တာဝါရဲ့အလှကို ကြည့်ရှုခံစားနိုင်ပါတယ်။

မော်ဒိုက်

romantic places for honey trip

မော်ဒိုက်လို့ ပြောလိုက်တာနဲ့ ရိုမန့်တစ်ဆန်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာ အလိုအလျောက် သိပြီးသားဖြစ်မှာပါ။ ကြည်လင်ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြောင့် နာမည်ကြီးပြီး သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစုံနှင့် ရေကူးကန်များ၊ ကော့တေးဘားများနှင့် ခမ်းနားလှပတဲ့ စားသောက်ဆိုင်တွေက သင့်ကို ဆီးကြိုနေပါလိမ့်မယ်။

သီရိလင်္ကာ

romantic places for honey trip

ဟန်းနီးမွန်းစုံတွဲများအနေဖြင့် သီရိလင်္ကာမြို့တွင် နေဝင်ဆည်းဆာအလှအပကို ကြည့်ရှုခံစားနိုင်သလို မိုးပျံဗူဖောင်းစီးခြင်း၊ စတော်ဘယ်ရီစိုက်ခင်းထဲ အလည်သွားခြင်း၊ လှပသော သဲသောင်ပြင်ပေါ်တွင် ဆော့ကစားခြင်း စသည်တို့ကိုလည်း ထိုမြို့တွင် ပြုလုပ်နိုင်ပါတယ်။

ဆွစ်ဇာလန်

 

romantic places for honeymoon trip

ဆွစ်ဇာလန်နိုင်ငံသည် ရင်သပ်ရှုမောဖွယ်ရာကောင်းသော ရှုခင်းများကြောင့် နာမည်ကြီးလှပါတယ်။ လှပသော မြို့များနှင့် ထိုမြို့တစ်မြို့စီတွင် သဘာဝဆန်သောအငွေ့အသက်ကို ခံစားရရှိနိုင်တဲ့အတွက် ခရီးသွားများကလည်း နှစ်သက်ကြပါတယ်။ သင့်ရဲ့ဟန်းနီးမွန်းမြို့အဖြစ် ရွေးချယ်တဲ့အခါ ဒီမြို့ကိုလည်း ထည့်သင့်ပါတယ်။

Mauritius

romantic places for honeymoon trip

ရိုမန့်တစ်ဆန်တဲ့နေရာကို ကြိုက်နှစ်သက်သူများအတွက် အိန္ဒိယသမုဒ္ဒရာသည် ကောင်းကင်ဘုံတစ်ခုပါပဲ။ Mauritus ကမ်းခြေသည်လည်း အိန္ဒိယသမုဒ္ဒရာထဲတွင်ပါဝင်တဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ထိုကမ်းခြေတွင် ရေငုပ်၍ ပင်လယ်သတ္တဝါများအား ကြည့်ရှုခြင်း (သို့) မိုးသစ်တောပေါ်တွင် လမ်းလျှောက်ကာ တောင်တက်အားကစားကိုလည်း ပြုလုပ်နိုင်ပါတယ်။

အင်္ဂလန်နိုင်ငံရှိ The Lake District

 

romantic places for honeymoon trip

သစ်လုံးအိမ်များနှင့် ဇိမ်ကျကျ နေချင်တယ်ဆိုရင်တော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ The Lake District သို့ ဟန်းနီးမွန်းထွက်သင့်ပါတယ်။ စမ်းချောင်းငယ်လေးပေါ်တွင် လှလှပပတည်ဆောက်ထားတဲ့ တံတားသည်လည်း ခရီးသွားများအကြး နာမည်ကြီးပါတယ်။

Source: Theadventurousfeet.com

Featured Image Source: Balicheapesttours.com