ချစ်သူများနေ့က ချစ်သူစုံတွဲတွေအတွက်ပဲ ရည်ရွယ်တာလား။ မဟုတ်ပါဘူး။ ချစ်သူများနေ့ဆိုတာ ချစ်သူစုံတွဲတွေအတွက်တင်မဟုတ်ပါဘူး။ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ ဆွေမျိုးသားချင်း စတဲ့ မိမိချစ်ခင်တဲ့သူတွေကို မိမိရဲ့အချစ်တွေကို ဖော်ပြတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ များသောအားဖြင့် ချစ်သူစုံတွဲတွေကသာ ထိုနေ့လေးကို နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ပြီး လက်ဆောင်လေးတွေပေးကြ၊ ချောကလက်တွေပေးကြနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးလေ့ရှိပါတယ်။

သင်ရော ချစ်သူများနေ့ကို အတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ ချစ်သူကောင်မလေးရနေပြီလား။ ဒါဆိုရင်တော့ ချစ်သူများနေ့ကို စိတ်ကူးယဉ်ဆန်ဆန်၊ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ပျော်ပွဲစားထွက်ပါ။

Source: Pigeonforgeonline.com

စားစရာနဲ့ မုန့်အပြည့်အစုံသယ်သွားပြီး အရိပ်ရတဲ့နေရာလေးမှာ နှစ်ယောက်အတူတူ စာဖတ်တာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

စတင်တွေ့ဆုံတုန်းကလိုမျိုး ပြန်လည်ချိန်းတွေ့ကြည့်ပါ။

Source: Singleinthecity.ca

သင်တို့နှစ်ယောက် စတင်တွေ့ဆုံတုန်းကဆိုရင် တစ်ယောက်နဲ့တစ်ယောက်ရှက်ကိုးရှက်ကန်းဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေကြမှာပါ။ အဲ့ဒီလို ကြည်နူးစရာကောင်းတဲ့အချိန်လေးကို ပြန်လည်ဖန်တီးပြီး သင်တို့ရဲ့အချစ်တွေကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုလုပ်နိုင်ပါတယ်။

တစ်နေကုန် ရုပ်ရှင်ကြည့်မယ်။

Source: Countryliving.com

အိမ်ရှေ့ဧည့်ခန်းရဲ့ ဆိုဖာခုံလေးပေါ်မှာ အတူတူထိုင်ရင်း ပေါက်ပေါက်ဆုပ်စားကာ အချိန်ကုန်ဆုံးမယ်ဆိုရင် အပိုပိုက်ဆံကုန်စရာမလိုတော့ဘူးပေါ့။

ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်မယ်။

Source: Lovepanky.com

အိမ်မှာရုပ်ရှင်မကြည့်ချင်ဘူး။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရတဲ့ဖီးလ်ကို ပိုကြိုက်တယ်ဆိုရင်တော့ ရုပ်ရှင်ရုံကိုပဲ ရွေးချယ်ပါလို့ အကြံပေးပါရစေ။ အခုတလော သရဲကားရုံတင်နေတာဆိုတော့ ရုပ်ရှင်ရုံက အမိုက်စားအသံစနစ်နဲ့ ကြည့်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားခြောက်ခြားစရာအပြည့် ခံစားရမှာနော်။

လက်ဆောင်လေးတွေ ဖလှယ်ကြမယ်။

Source: Countryliving.com

လက်ဆောင်ဆိုတာက ဈေးကြီးတယ်၊ ဈေးနည်းတယ်ဆိုပြီး ဘယ်သူမှကဲ့ရဲ့မှာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူပေးတဲ့လက်ဆောင်ဆိုရင် လူတိုင်းက တန်ဖိုးထားကြတာချည်းပါပဲ။ ဒါ့ကြောင့် တန်ဖိုးအနည်းအများပေါ် မမူတည်ဘဲ သူ့အတွက်အသုံးဝင်မယ့် ပစ္စည်းလေးတွေ ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ထားတဲ့လက်ဆောင်လေး ပေးမယ်ဆိုရင်လည်း ပိုတောင်တန်ဖိုးထားခံရမှာပါ။

စားကောင်းသောက်ဖွယ်လေးတွေ အတူတူပြင်ဆင်ချက်ပြုတ်ကြမယ်။

Source: Countryliving.com

ဈေးကြီးတဲ့စားသောက်ဆိုင်မှာ ပိုက်ဆံအကုန်အကျခံပြီး စားသောက်ကြမှ ကြည်နူးစရာကောင်းတာမဟုတ်ပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာတွေကို အတူတူချက်ပြုတ်စားသောက်ခြင်းကလည်း ကြည်နူးစရာအချိန်တွေကို ဖန်တီးပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ စာဖတ်သူတို့လည်း ချစ်သူများနေ့ကို ဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြမလဲဆိုတာ သိသွားကြလောက်ပြီလို့ ထင်ပါတယ်။