တစ်ချိန်က ဘောလုံးလောကမှာ ဒီနာမည်ကို မသိသူမရှိသလောက်ပါပဲ။ သူ့ရဲ့ ဘောလုံးနည်းစနစ်ပိုင်း ကျွမ်းကျင်မှု၊ အလိမ်အခေါက်ကျွမ်းကျင်မှု၊ နောက်ပြန်ကန်ပြီး ဂိုးသွင်းယူမှုတွေကြောင့် ကျော်ကြားပါတယ်။

ရော်နယ်ဒင်ညိုကို (၁၉၈၀) ခုနှစ်၊ မက်လ (၂၁) ရက်နေ့တွင် ဘရာဇီးနိုင်ငံ၊ ပေါ်တိုအယ်ဂရီမြို့မှာမွေးဖွားခဲ့ပါတယ်။ သူ့အဖေက သင်္ဘောလုပ်သားတစ်ယောက်ဖြစ်ပြီတော့ အပျော်တမ်းဘောလုံးကစားသမားတစ်ယောက်ပါ။ ဒင်ညိုဟာ သူ့အဖေကိုအားကျပြီးတော့ ဘောလုံးစကန်ဖြစ်ခဲ့တာပါ။

သူ ကစားခဲ့တဲ့ ပွဲတစ်ခုမှာ သူ့အသင်းက ပြိုင်ဘက်အသင်းကို (၂၃-၀) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ဂိုးအားလုံးကို ဒင်ညိုတယောက်ထဲက သွင်းယူပေးခဲ့တာပါ။ အဲ့ချိန်မှာ သူ့အသက်က (၁၃) နှစ်ပဲ ရှိပါသေးတယ်။

Source: khhow

(၁၉၉၇) ခုနှစ်မှာ အီဂျစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ ယူ-၁၇ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ရော်နယ်ဒင်ညိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘရာဇီးကလပ် တစ်ခုဖြစ်တဲ့ ဂရီအို အသင်းနဲ့ စတင်ခဲ့ပါတယ်။ (၂၀၀၁) နှစ်မှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီက သူ့ကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

(၂၀၀၁-၂၀၀၂) ဘောလုံးရာသီမှာ ပီအက်စ်ဂျီ ရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူရဲ့ ခြေစွမ်းပြမူတွေကြောင့် (၂၀၀၂) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီး အသင်းမှာ ရွေးချယ်ခဲ့ပါတယ်။ အဲ့နှစ်မှာပဲ အသင်းနဲ့အတူ ကမာ့္ဘဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source: Talksports

စပန်ကလပ် ဘာစီလိုနာအသင်းသို့ ၂၀၀၃ ခုနှစ်မှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ (၂၀၀၄-၂၀၀၅) ဘောလုံးရာသီမှာ အသင်းကို ပထမဆုံး အမှတ်ပေးဖလားရအောင် ကူညီပေးခဲ့ပါတယ်။ ကစားသမားဘဝတလျှောက် ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ အချိန်တွေက သူ့အတွက် ရွှေရောင်နေ့ရက်တွေလို့ ပြောလို့ရပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၇) ပွဲ ပါဝင်ကစားခဲ့ပြီး (၉၄) ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အသင်းနဲ့အတူ လာလီဂါဖလား (၂) ကြိမ်၊ စပိန် ဘုရင့်ဖလား (၂) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်ဆီ ရရှိခဲ့ပါတယ်။

Source: Hindustan Times

(၂၀၀၈) ခုနှစ်အရောက်မှာတော့ စီးရီးအေကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသင်းမှာ (၃) နှစ်သာ ကစားပြီး နောက်ပိုင်း ခြေစွမ်းကျဆင်းလာခဲ့တာကြောင့် ဘရာဇီးကလပ်အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ရပါတယ်။ (၂၀၁၅) ခုနှစ်အရောက်မှာတော့ ကစားသမားဘဝကနေအနားယူသွားခဲ့ပါတယ်။

ဒင်ညိုရရှိခဲ့တဲ့ တစ်ဦးချင်းအောင်မြင်မှုတွေကတော့ Don Balón Award (၂၀၀၃-၂၀၀၄၊ ၂၀၀၅-၂၀၀၆) ၊ FIFA World Player Of the Year (၂၀၀၄- ၂၀၀၅) ရရှိခဲ့ပြီးတော့၊ အဲ့နှစ်မှာပဲ ဥရောပရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ရော်နယ်ဒင်ညိုဟာ သူ့ခေတ်သူ့အခါတုန်းက ဘရာဇီးဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။