စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် ဘောလုံးသမားများထဲတွင် ဝင်ငွေ ဒေါ်လာ (၁) ဘီလီယံ ကျော်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျူဗီတပ်ကြယ်ပွင့်ရော်နယ်ဒိုဟာ အခွန်မဆောင်မှီ ဝင်ငွေဒေါ်လာ (၁၀၅) သန်းရှိခဲ့ပြီး စုစုပေါင်း ဝင်ငွေဒေါ်လာ (၁) ဘီလီယံကျော်သွားခဲ့တယ်လို့ forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
Source: Yahoo Sports
အဆိုပါ အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ (၂၀၂၀) ခုနှစ်တွင် ဆယ်လီတွေထဲမှာ စတုတ္ထ ဝင်ငွေအမြင့်ဆုံးလည်းဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ တင်းနစ်အကျော်အမော် Roger Federer ၊ ရပ်ပါအဆိုအတော် Kanye West နှင့် Kylie Jenner ၊ ဘာစီလိုနာ တိုက်စစ်မူး မက်စီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ PSG တိုက်စစ်မူး နေမာကတော့ ဝင်ငွေဒေါ်လာ (၉၅.၅) သန်းဖြင့် အဆင့် (၇) နေရာမှာ ရပ်တည်နေပါတယ်။
Source: The Morung Express
ရော်နယ်ဒိုဟာ တိုက်ဂါးဝုဒ် (၂၀၀၉) ၊ မေဝယ်သာ (၂၀၁၇) တို့ပြီးနောက် ဒေါ်လာ (၁) ဘီလီယံကျော် ဝင်ငွေရရှိခဲ့သည့် တတိယမြောက် အားကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ (၁၇) နှစ်တာကာလအတွင်း ပရော်ဖက်ရှင်နယ် အားကစားဖြင့် ဝင်ငွေ ဒေါ်လာ သန်း (၆၅၀) အထိရှာဖွေနိူင်ခဲ့ပါတယ်။ ကျန်တဲ့ ဝင်ငွေတွေကတော့ အဓိကအားဖြင့် စပွန်ဆာတွေကနေတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။
Source: Goal
အကျပ်အတည်း ကာလမှာ မက်စီရဲ့လုပ်ခလစာဟာ ဒီနှစ်မှာ (၇၀) ရာခိုင်နှုန်းလျှော့ချခံခဲ့ရတာကြောင့် ဘီလီယံနာဖြစ်ဖို့ အခွင့်အရေးလွဲချော်ခဲ့ပေမယ့် နောက်နှစ်မှာတော့ ရော်နယ်ဒိုနည်းတူ ဘီလီယံနာဖြစ်လာနိူင်တယ်လို့ ခန့်မှန်းထားကြပါတယ်။