စီရော်နယ်ဒိုဟာ ဂျူဗီတပ်အသင်းအတွက် စီးရီအေ တစ်ရာသီအတွင်းမှာ (၂၅) ဂိုးသွင်းယူပေးနိူင်တဲ့ မှက်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီစံချိန်ကို (၁၉၆၀-၁၉၆၁) ခုနှစ်တုံးက Omar Sívori ကတင်ရှိခဲ့တာပါ။ ယခု ရော်နယ်ဒိုက နှစ်ပေါင်း (၆၀) အတွင်း သွင်းဂိုး (၂၅) ဂိုးသွင်းယူပေးနိူင်တဲ့ ပထမဆုံး ဂျူဗီတပ်ကစားသမားဖြစ်လာခဲ့ပါတယ်။

Source: Soccer-NBC Sports

စီရော်နယ်ဒိုဟာ လက်ရှိအသက် (၃၅) နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အသင်းအတွက်အရေးပါတဲ့ ဂိုးတွေသွင်းနေဆဲပါ။ စီးရီအေတစ်ရာသီအတွင်း ဂျူဗီတပ်အသင်းအတွက် (၂၅) ဂိုးသွင်းပေးခဲ့ဖူးတဲ့ ကစားသမားကတော့ Omar Sívori ဖြစ်ပြီး (၁၉၆၀-၁၉၆၁) ခုနှစ်တုံးကဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဘယ်သူကမှ ဂျူဗီတပ်အသင်းအတွက် တစ်ရာသီအတွင်း (၂၅) ဂိုးပြည့်အောင် မစွမ်းဆောင်နိူင်ခဲ့ကြပါဘူး။

Source: Sports India Show

အသင်းရဲ့ နာမည်ကြီးကစားသမားဟောင်းတွေဖြစ်တဲ့ ဒဲလ်ပီယာရို၊ ရိုဘတ်တို ဘက်ဂီယို နဲ့ မိုက်ကယ် ပလာတီနီ တို့လည်း ဒီစံချိန်ကို မှီအောင် မစွမ်းဆောင်နိူင်ခဲ့ကြပါဘူး။ အခု စီရော်နယ်ဒိုက အသင်းအတွက် (၂၆) ပွဲပါဝင်ကစားပေးထားပြီး (၂၅) ဂိုးသွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျူဗီတပ်အသင်းနဲ့အတူ စီးရီအေဖလားကို ကိုင်မြောက်နိူင်ခဲ့တယ်ဆိုပေမယ့် (၂၁) ဂိုးသာသွင်းယူနိူင်ခဲ့တာကြောင့် Omar Sívori တင်ရှိထားတဲ့စံချိန်ကို လိုက်မမှီခဲ့ခြင်းဖြစ်ပါတယ်။

Source: DNA India

စီရော်နယ်ဒိုဟာ တိုရီနိုနဲ့ ပွဲစဉ်တွင် ဖရီးကစ်မှ တစ်ဆင့်ဂိုးသွင်းယူနိူင်ခဲ့ပြီး စီးရီးအေ (၂၅) ဂိုးမြောက်ကို သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ဂျူဗီတပ်အသင်းကိုရောက်လာပြီးကတည်းက ဖရီးကစ် (၄၃) ကြိမ်ကန်သွင်းမူပြုလုပ်ခဲ့ပြီး ပထမဆုံး ဂိုးအဖြစ်ပြောင်းလဲနိူင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။