ရွှေဘောလုံး (၅) ဆုရှင် ရော်နယ်ဒိုဟာ (၂၀၁၈) နွေရာသီတုံးက ဘာနေဗျူးကို စွန့်ခွာခဲ့တာပါ။ ဒါပေမယ့် တနည်းနည်းနဲ့ စပိန်မြေကို ပြန်ပြီး ချေခြဖွယ်ရှိနေပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲအသင်းကို ပြန်သွားနိူင်တာဟာ အံဩစရာမရှိကြောင့် သူရဲ့အသင်းဖော် Jose Fonte ကပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်ထံ ပြန်သွားနိူင်ဖို့အတွက် အမြဲတမ်း တံခါးဖွင့်ထားခဲ့တတ်ကြောင်း သူကပြောပါသေးတယ်။
Source: Kodkey
ရော်နယ်ဒိုဟာ (၂၀၁၈) ဘာနေဗျူးကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပါ။ စပိန်မြေမှာ စံချိန် (၉) ခုတင်ရှိနိူင်ခဲ့ပြီး စိန်ခေါ်မူ အသစ်တွေအတွက် အသင်းပြောင်းခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တတ်နှင့်ရီးရဲလ်တို့မှာ အောင်မြင်မူတွေများစွာရရှိခဲ့တဲ့ ရော်နယ်ဒိုအတွက် အီတလီမြေဟာ နောက်ထပ်ခြေချစရာနေရာ တခုဖြစ်လာခဲ့ပါတယ်။
Source: Sky Sports
ရော်နယ်ဒိုဟာ ဂျူဗီတပ်မှာလည်း ဂိုးတွေ အဆက်မပြတ်သွင်းယူနေပြီး အောင်မြင်မူတွေ ရယူနေဆဲဖြစ်ပါတယ်။ လက်ရှိအသင်းနှင့်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) တွင်ကုန်ဆုံးမှာဖြစ်ပြီး ရော်နယ်ဒိုဟာလည်း အသက် (၃၇) ပြည့်မှာဖြစ်ပါတယ်။
တကယ်လိုသူသာ ဘာနေဗြူး ကိုပြန်သွားချင်တယ်ဆိုရင် ဂျူဗီတပ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖြတ်သိမ်းနိူင်ဖွယ်ရှိနေပါတယ်။
အဆိုပါ ယူရို (၂၀၁၆) ဖလားပိုင်ရှင် ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းကို ပြန်သွားနိူင်ဖွယ်ရှိကြောင်း သူကိုယ်တိုင် ပြောဖူးထားတာတွေလည်းရှိပါတယ်။
Source: Mirror
လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ရေရှည်စီမံကိန်းအတွက် ဒေါ့မွန်တိုက်စစ်မူး ဟာလန်းနှင့် လီဗာပူးတိုက်စစ်မူး မာနေးတို့ကို ခေါ်ယူဖို့ စီစဉ်နေပြီး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့တော့ ပြောဆိုတာတွေ မရှိသေးကြောင်းသိရပါတယ်။