ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုက မက်စီဟာ စီရော်နယ်လ်ဒိုထက်ပိုကောင်းကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုသည် အကောင်းဆုံးကစားသမားဆုအတွက် သုံးသပ်ရာတွင် မက်ဆီကို ထိပ်ဆုံးတွင် နေရာပေးခဲ့ပြီး သူ့နောက်မှာတော့ PSG တိုက်စစ်မူး နေမာနှင့် ရီးရဲ တိုက်စစ်မူး ဟာဇက်တို့ကို အစဉ်လိုက်ရွေးချယ်ခဲ့ပါတယ်။

Source: The Independent Ghana

ရိုနယ်ဒိုရွေးချယ်ထားတဲ့ ကစားသမား အကောင်းဆုံးကစားသမား (၅) ဦးထဲတွင် မက်ဆီ၏ အစဉ်အလာပြိုင်ဘက်ဖြစ်သူ စီရော်နယ်လ်ဒို မှာမူပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကစားသမား (၅) ဦးစားရင်းထဲတွင် လီးဗာပူးတိုက်စစ်မူး ဆာလာ့ နှင့် PSG တိုက်စစ်မူး ဘာပေးတို့လည်း ပါဝင်ခဲ့ပါတယ်။

Source: FR24 News English

” နံပါတ် (၁) ကစားသမားကိုပြောပါဆိုရင်တော့ မက်စီပါပဲ။ သူ့လိုကစားသမားမျိုးကို ထပ်တွေ့ဖို့ဆိုတာ နှစ်ပေါင်း (၂၀၊ ၃၀)လောက် စောင့်ရပါလိမ့်မယ်။ မက်ဆီလိုပဲ ဆာလာ၊ ဟာဇက်၊ နေမာ၊ ဘာပေတို့ ကစားပုံကို စောင့်ကြည့်ရတာကိုလည်း ကျွန်တော်ကြိုက်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုရဲ့ အမည်ကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

Source: Soccer24

ရော်နယ်လ်ဒိုဟာ ဘာပေးနှင့် ၎င်းအား နှိုင်းယှဉ်နေကြခြင်းနှင့် ပတ်သက်ပြီးတော့လည်း “လူတော်တော်များများက ဘာပေးနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်ကြတယ်။ သူက မြန်ပြီးတော့ ရွေ့လျားပုံကောင်းတယ်။ အဆုံးသတ်ပိုင်းမှာလည်း ကျွမ်းကျင်တယ်။ ခြေနှစ်ချောင်းစလုံးကိုအသုံးပြုပြီး ဘောလုံးကောင်းကောင်းကစားနိူင်တယ်။ ကျွန်တော်တို့ကြားမှာ တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဖြတ်သန်းရာခေတ်ချင်းမတူတဲ့ ကစားသမားနှစ်ဦးကို နှိုင်းယှဉ်ရတာ တကယ်ခက်ပါတယ်။ အခြေအနေတွေက မတူပါဘူး” ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကရုပ်သံဝင်ငွေပိုင်းမှာမြင့်မားသော်လည်း လာလီဂါ သာ ကမ္ဘာ့အ ကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်သည်ဟုလည်း ဆိုခဲ့သည်။