ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းနဲ့တူ ၂၀၁၆ ယူရိုဖလား ရပြီးနောက်ပိုင်း ယခုနေရှင်နယ်လိဂ် ဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို ကျော်ဖြတ်ပြီး အောင်မြင်မှုရဖို့အတွက် ပစ်မှတ်ထားနေတာပါ။ နေရှင်နယ်လိဂ် ဗိုလ်လုပွဲကိုတော့ တနင်္လာနေ့ မနက် ၁ နာရီ ၁၅ မိနစ်မှာ ကစားသွားမှာပါ။

Source: Amazing.bet

“မိခင်နိုင်ငံအသင်းတွက် ကစားရတာ ကျနော် အရမ်းဂုဏ်ယူပါတယ်။ ပြီးတော့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကစားရတာဟာ ခံစားရပုံချင်း မတူညီပါဘူးလို့” ရော်နယ်ဒိုက ယူအီးအက်ဖ်အေ တရားဝင်ဝက်ဆိုက်ဒ်ကို ပြောသွားခဲ့ပါတယ်။

Source: independent.ie

“ကျနော့မိသားစု၊ သူငယ်ချင်း၊ နိုင်ငံအတွက် ကစားပေးရတာကို ကျနော် အလွန်ပဲ ကျေနပ်မိပါတယ်။ ဆုဖလားရဖို့အတွက် ယှဉ်ပြိုင်ရတာကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အခု အိမ်ကွင်းမှာ ကစားရတဲ့အတွက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ပြောခဲ့ပါတယ်။

ပေါ်တူဂီ အသင်းဟာ ယူရို ၂၀၁၄၊ ၂၀၁၆ ဗိုလ်လုပွဲအတတွက် နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ရပါတယ်။ ယူရို ၂၀၁၄ ဗိုလ်လုပွဲမှာတော့ ဂရိစ် အသင်းကို အရေးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ယူရို ၂၀၁၆ ဗိုလ်ပွဲမှာတော့ နာမည်ကြီးပြင်သစ်အသင်းကို အနိုင်ကစားပြီး ဆုဖလားကိုင်မြောက်နိုင်ခဲ့ပါတယ်။

Source: Sky Sports

ရော်နယ်ဒိုဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို ဟက်ထရစ်သွင်းယူပြီး ပေါ်တူဂီအသင်းကို ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံအတွက် သွင်းဂိုးပေါင်း ၈၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။