Cristiano Ronaldo ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ Fiorentina အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် ဂျူဗီတပ်အတင်းအတွက် အနိူင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဂိုးသွင်းယူနိူင်ခဲ့တာကြောင့် ရော်နယ်ဒို ဟာ ၁၅ နှစ်တာအတွင်းဘယ်ဂျူပီတပ်ကစားသမားမှ မလုပ်ဆောင်နိူင်ခဲ့တဲ့ ၉ ပွဲဆက်ဂိုးသွင်းစံချိန်တင်ခဲ့ပါတယ်။
Source: Hindustan Times
ဒီစံချိန်ကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ David Trezeguet ကနောက်ဆုံးတင်ခဲ့တာပါ။ အဲ့ဒီချိန်ကနေစပြီးတော့ ဘယ်ဂျူပီတပ်ကစားသမားမှ ဒီစံချိန်ကို မီအောင် မစွမ်းဆောင်နိူင်ခဲ့ပါဘူး။
ဖေဖော်ဝါရီ ၂ ရက်နေ့ကကစားခဲ့တဲ့ Fiorentina နဲ့ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးဂိုးကို ပင်နယ်တီကတဆင့် Ronaldo ကသွင်းယူပေးခဲ့ပါတယ်။ ဒီပင်နယ်တီကတော့ ပင်နယ်တီဧရိယာအတွင်း လက်ထိဘောမှ တဆင့်ရရှိခဲ့တာဖြစ်ပါတယ်။
Source: Fox Sports Asia
ဒုတိယအနိူင်ဂိုးကိုလည်း ပင်နယ်တီမှတဆင့် Ronaldo ကပဲ ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒီပင်နယ်တီကတော့ ဧရိယာအတွင်း ပြိုင်ဘက်ကစားသမားတွေ ဂျူပီတပ်ကစားသမားကို ပစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဂျူဗီတပ်အသင်းတွက် နောက်ဆုံးတတိယမြောက်ဂိုးကိုတော့ ဒီဘာလာရဲ့ ဖန်တီးပေးမူမှတဆင့် Matthijs de Ligt ကသွင်းပွဲပြီး နာကျင်အချိန်ပိုမိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
Source: Republic World
Ronaldo ဟာ ၂၀၁၈ ခုနှစ် ဂျူဗီတပ်အသင်းကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပွဲပေါင်း ၇၀ ကစားပေးထားပြီး ဂိုးပေါင်း ၅၀ သွင်းအသင်းအတွက် သွင်ယူပေးထားပါတယ်။