ဂျူဗီတပ်အသင်းက Hellas Verona ကို ၁-၂ ဂိုးနဲ့ရှုံးနှိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသင်းအတွက် ၁၀ ပွဲဆက်ဂိုးသွင်းနိူင်သူအဖြစ် စံချိန်သစ်ရေးထိုးနိူင်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ်အတွက် အသင်းအတွက် အဖွဲ့ဂိုးကို သွင်းယူပေးခဲ့တာပါ။

အဲ့နေ့ပွဲစဉ်မှာ ဂိုးသွင်းနိူင်ခဲ့တာကြောင့် ရီးရဲကစားသမားဟောင်း ရော်နယ်ဒိုဟာ စီးရီးအေ မှာ ၁၀ ပွဲဆက် ဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

Source: Goal.com

၂၀၀၅ ခုနှစ်မှာ ဂျူဗီတပ်တိုက်စစ်မှုး David Trezeguet ကစီးရီးအေ ၉ ပွဲဆက်ဂိုးသွင်းသူအဖြစ် ၁၅ နှစ်ကြာ ရပ်တည်နေခဲ့တာပါ။ ဒီစံချိန်ကို ၁၅ နှစ်ကြာပြီးနောက်ပိုင်း ရော်နယ်ဒိုက ၁၀ ပွဲဆက်ဂိုးသွင်းပြီး ချိုးဖျတ်ခဲ့တာပါ။

ရော်နယ်ဒိုက စံချိန်သစ်တွေရခဲ့ပေမဲ့ အသင်းကတော့ ရှုံးနှိမ့်ခဲ့ရပါတယ်။ ရော်နယ်ဒိုက ၆၅ မိနစ်မှာအဖွင့်ဂိုးသွင်းယူခဲ့ပေမဲ့ ပွဲကစားချိန် ၇၆ မိနစ်အရောက်မှာ အေစီမီလန် ကစားသမားဟောင်း Fabio Borini က Verona အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

Source: NesBeezer

ချေပဂိုးပြန်ပေးလိုက်ပြီးနောက်ပိုင်း ဂျူဗီတပ်အသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။ ပွဲပြီးခါနီး ၈၆ မိနစ်အရောက်မှာတော့ Verona ဖက်က ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို Giampaolo Pazzini ကဂိုးအဖြစ်ပြောင်းလဲပေးနိူင်ခဲ့တာကြောင့် ဂျူဗီတပ်အသင်း ရှုံးနှိမ့်ခဲ့ရပါတယ်။

Source: CNA

ဒီပွဲရှုံးခဲ့တာကြောင် ဒုတိယနေရာက အင်တာမီလန်အသင်းနဲ့ ၃ မှတ်ကွာအနေအထားရောက်ရှိသွားခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ အေစီမီလန်နဲ့ပွဲစဉ်မှာ အနိူင်ရခဲ့မယ်ဆိုရင် ဂိုးကွာခြားချက်နဲ့ စီးရီးအေ ဇယားကိုဉီးဆောင်နိူင်မှာပါ။