ရွန်းနီက သူဟာ မန်ယူပွဲတွေ မတိုင်ခင်မှာ ပေါ်တူဂီကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက် ဝိတ်တတ်စေရန်အတွက် McDonalds ဆီသို့ခေါ်သွားလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။

Source: Daily Mail

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ယခုထက်ထိ ဂျူဗီတပ်အသင်းမှာ သက်လုံကောင်းကောင်းဖြင့် ခြေစွမ်းတွေ ပြနေဆဲပါပဲ။

မန်ယူတိုက်စစ်မူဟောင်းလည်းဖြစ် ရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ယခုလက်ရှိ ဒါဘီအသင်းရဲ့နည်းပြလုပ်နေသူ ရွန်းနီကတော့ ရော်နယ်ဒိုဟာ အရင်တုံးက သူ့ရဲ့ခန္ဓာကိုယ်အတွက် အစားတွေ ရှောင်လေ့မရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Source: Republic TV

စပို့တင်း အသင်းကနေ မန်ယူအသင်းကို ရော်နယ်ဒိုရောက်ရှိလာပြီးနောက်ပိုင်း ၁၂ လအကြာ၂၀၀၄ ခုနှစ် မှအသင်းကိုရောက်ရှိလာခဲ့တာပါ။ နောက်ပိုင်းမှာ စူပါစတားဖြစ်လာမဲ့ ရော်နယ်ဒိုကို လက်တွဲခေါ်ယူဖေးမခဲ့ပါတယ်။

“ကျနော် မန်ယူ ကိုရောက်တော့ ရော်နယ်ဒိုနဲ့ အတူ လေ့ကျင့်ခန်းဆင်းဖို့အတွက် အတူတူသွားလေ့ရှိတယ်။ ကျနော်သတိရပါသေးတယ်။ ကစားပွဲမတိုင်ခင် တစ်ညမှာ ကျနော်တို့နှစ်ယောက် McDonald’s ဆိုင်မှာရောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဘာဂါအကြီးကြီး တစ်လုံးစားချင်လို့ပါ။ သူကအဲ့ဒီအချိန်မှာ သေးသေးလေးပဲရှိသေးတယ်။ ဝိတ်တတ်ဖို့အတွက် ကြိုးစားနေတဲ့အချိန်ပေါ့” ဟု Times နဲ့အင်တာဗြူးလုပ်တဲ့အချိန်မှာ ရွန်းနီကပြောဆိုသွားပါတယ်။

Source: Usa Today Post

ရော်နယ်ဒိုနဲ့ရွန်းနီတို့ဟာ မန်ချက်စတာယူနိုက်တတ်အသင်းမှာ အတွဲညီခဲ့ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ၊ လိဂ်ဖလား၊ ကမ္ဘာ့ကလပ်များဖလား များကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ရွန်းနီဟာ မန်ယူအသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း MLS မှာသွားရောက်ကစားခဲ့ကာ ယခုလက်ရှိမှာတော့ ဒါဘီအသင်းရဲ့ နည်းပြလုပ်နေပါတယ်။ ရော်နယ်ဒိုကတော့ ရီးရဲအသင်းဆီ ရောက်ရှိသွားပြီး ချန်ပီယံလိဂ်ဖလား ၄ လုံးအပါအဝင် အခြားအောင်မြင်မူများစွာရရှိခဲ့ကာ ယခုလက်ရှိမှာတော့ ဂျူဗီတပ်အသင်းမှာ ကစားနေပါတယ်။