ဒီနှစ်နွေရာသီအပြောင်းအရွေ့မှာ ရွန်းနီဟာ မန်ယူအသင်းကနေ အဲဗာတန်အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပြောင်းသွားခဲ့ပါတယ်။ အဆိုပါသတင်းဟာ ယူနိုက်တက်ပရိသတ်တွေအတွက် ထိတ်လန့်စရာကောင်းခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေရဲ့ ရင်ဘတ်ထဲက ထာဝရသူရဲကောင်းက ရွန်းနီပေကိုး။ ရွန်းနီဟာ ယခုအချိန်မှာတော့ အဲဗာတန်အသင်းမှာ အခြေကျနေပြီလည်းဖြစ်ပါတယ်။

Source: politis.com.cy

ရွန်းနီကိုတော့ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့တွင် မွေးဖွားခဲ့ပါတယ်။ မွေးရက်ကတော့ (၁၉၈၅) ခုနှစ် အောက်တိုဘာ (၂၄) ဖြစ်ပါတယ်။ သူဟာ အိုင်းရစ်သွေးပါသူတစ်ယောက်လည်းဖြစ်ပါတယ်။ ညီအကိုသုံးယောက်တွင် အကြီးဆုံးပါ။ သူဟာ ငယ်စဉ်ကတည်းက ဘောလုံးကစားခြင်းကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ အဲဗာတန်လူငယ်အသင်းမှာ စတင်ကစားခဲ့ပါတယ်။

အဲဗာတန်အသင်းကြီးအတွက် ပထမဆုံးပွဲကိုတော့ (၂၀၀၂) ခုနှစ် သြဂုတ်လ (၁၇)  တွင်စတင်ကစားခွင့်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကတော့ အသင်းကြီးလို့ဆိုနိုင်တဲ့ စပါးအသင်းနဲ့တွေ့ဆုံတဲ့ပွဲပါ။ သူဟာအသက်ငယ်ငယ်နဲ့ အင်္ဂလန်ဘောလုံးလောကမှာ ထွန်းတောက်ခဲ့ပါတယ်။

Source: www.sbnation.com

(၂၀၀၃-၂၀၀၄) ဘောလုံးရာသီအပြီးမှာတော့ ရွန်းနီကို ခေါ်ယူဖို့ မန်ယူအသင်းက ကမ်းလှမ်းခဲ့ပါတယ်။ ရွန်းနီရဲ့ကစားပုံကို မန်ယူနည်းပြကြီးဖာဂူဆန်က သဘောကျနှစ်သက်တာလည်းဖြစ်ပါတယ်။ ရွန်းနီအနေနဲ့ မန်ယူအသင်းကို ပေါင်သန်း (၂၅.၆) သန်းနဲ့ပြောင်းရွေ့ခဲ့ပါတယ်။ ဒါဟာ အသက် (၂၀) အောက် လူငယ်ကစားသမားတစ်ဦးအတွက်မြင့်မားလှတဲ့ပြောင်းရွေ့ကြေးပါ။

Source: Metro

ရွန်းနီဟာ ငွေကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်တွင် နှစ်ပေါင်းများစွာကစားခဲ့ပါတယ်။ ကိုယ်တိုင်ဂိုးသွင်းယူဖို့ထက် သူတစ်ပါး ဂိုးသွင်းယူခွင့်ရရန်ပဲ ဖန်တီးလေ့ရှိပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ FA ဖလား၊ လိဂ်ဖလား၊ UEFA Super Cup စသည်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Source: http://www.zastavki.com

အင်္ဂလန်အသင်းကနေပါ ရွန်းနီဟာ အနားယူသွားခဲ့ပြီး ယခုအချိန်မှာတော့ အဲဗာတန်အသင်းမှာ အကောင်းဆုံးကစားနေပြီလည်းဖြစ်ပါတယ်။ ရွန်းနီရဲ့ ဘောလုံးသမားဘ၀နွေဝင်ချိန်လှပနိုင်မလားဆိုတာကို အားလုံးစောင့်ကြည့်ရအောင်ဗျာ။