တစ်ခွက်တစ်ဖလား ကစ်ဖို့ရွေးကြပြီဆိုရင် များသောအားဖြင့် ခေါင်းထဲပေါ်လာတတ်တာ ဘီယာပါပဲ။ ဒါပေမယ့် Vodka ရဲ့အလန်းစား ဆန်းပြားမှုတွေကိုရော တွေးကြည့်ပြီးပြီလား? ဒီနေရာမှာ ပုံမှန်သမားရိုးကျထဲက ခွဲထွက်ပြီး ဘော်ဒါတို့အကြိုက် ယမကာစာရင်းမှာ Vodka ကိုထည့်သင့်တဲ့ အကြောင်းအရင်းတွေကို ရှာဖွေကြည့်ရအောင်ပါ။ ကဲဒါဆို Vodka ချစ်သူတွေ ဘာလို့ Vodka မှ Vodka  ဖြစ်နေရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း အချို့ ကို ပြောပြပေးပါမယ်။

(၁) စွယ်စုံရတယ်

Vodka ရဲ့ စွယ်စုံရနိုင်မှုကြီးက ဘီယာနဲ့တော်တော့်ကို ကွာခြားပါတယ်။ Vodka ကို Classic ကော့လ်တေး ဖြစ်ဖြစ် ဒါမှမဟုတ် ဆန်းသစ်တဲ့ဖျော်စပ်မှု အသစ်တစ်ခုအနေနဲ့ ဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် နှစ်သက်သလို ဖျော်စပ်သောက် နိုင်ပါတယ်။ ဒီထဲကမှ ချိုမြမြအရသာမျိုး ကြိုက်သူတွေအတွက် ညွှန်းပေးချင်တဲ့ အဖျော်ယမကာ တစ်မျိုးကတော့ Lemon Soda နဲ့ Vodka အရောအစပ် ဖြစ်ပါတယ်။ Vodka ရဲ့ပြေပြစ်မှုနဲ့ အမြုပ်လေးတွေ တစီစီထနေတဲ့ Lime Soda တို့ရဲ့ နှစ်လိုဖွယ်ပေါင်းစပ်မှုကတော့ ရှတတနဲ့တကယ့်ကိုပဲ လန်းဆန်းသွားစေတဲ့ ခံစားမှု အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ အကယ်၍ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပြီး ပြင်းရှရှ အရသာတွေမပါပဲ Vodka ရဲ့ ကြည်လင် တဲ့ အရသာစစ်စစ်ကို ခံစားချင်တယ်ဆိုရင်တော့ Neutral Soda က အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေမှာပါ။

(၂) အယ်လ်ကိုဟော ပါဝင်မှုများပြီး ပိုထိမိတယ်

Vodka မှာ အယ်လ်ကိုဟော ပါဝင်မှုများတဲ့အတွက် ဘီယာနဲ့ယှဉ်ရင် သောက်ရတာပိုပြီး ထိထိမိမိ ရှိပါတယ်။ အကယ်၍ ကွီးတို့က ပိုပြင်းတဲ့ ယမကာမျိုးကို ကြိုက်တယ် ဒါမှမဟုတ် နည်းနည်းသောက်သောက် များများခရီး ရောက်ချင်တယ်ဆိုရင် Vodka က စိတ်ကျေနပ်မှုအရှိဆုံး ဖြစ်စေမှာ သေချာပါတယ်။

(၃) ကယ်လိုရီ နည်းတယ်

အကယ်၍ ကွီးတို့က ကယ်လိုရီ တွက်စားနေသူတစ်ယောက်ဆိုရင် Vodka က လုံးဝ ကွက်တိပါပဲ။ ဘီယာထက် စာရင် Vodka မှာ ယေဘူယျအားဖြင့် ကယ်လိုရီ အနည်းငယ်သာပါတာကြောင့် ဝိတ်တက်မှာ စိုးရိမ်စရာမလိုပဲ သာယာတဲ့ အခိုက်အတန့်ကို စီးမြောခံစားချင်တဲ့ ကွီးတို့အတွက် Vodka က အသင့်တော်ဆုံး ရွေးချယ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ကယ်လိုရီနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပဲ ချိုမြိန်တဲ့အရသာကို ခံစားနိုင်ဖို့အတွက်ဆို Vodka Lime Soda ကို ရွေးချယ်နိုင်ပါတယ်။

(၄) အကြိုက်နဲ့ ထပ်တူကျစေတယ်

Vodka ရဲ့ ပြေပြစ်တဲ့ အရသာကိုက ထူးခြားသစ်လွင်တဲ့ ပြောင်းလဲမှု တစ်ခုပါပဲ။ ဘီယာရဲ့ ကွဲပြားခြားနားတဲ့ အရသာနဲ့ မတူတာက Vodka ဟာ ကြည်လင်ပြီး ပြေပြစ်တဲ့ အရသာကို ပေးစွမ်းတဲ့အတွက် အခြားအဖျော်ယ မကာတွေနဲ့ ရောစပ်မြည်းစမ်းနိုင်သလို Vodka ရဲ့အရသာ စစ်စစ်ကိုပဲ စီးမျောခံစားလို့လည်း ရပါတယ်။ ပြောရရင် Vodka က နူးညံ့ပြေပြစ်ပြီး ဟန်ချက်ညီတဲ့အရသာကို ခံစားချင်သူတွေအတွက် ဒါမှမဟုတ် ပါဝင်ပစ္စည်း အမျိုးမျိုး ရောစပ်ပြီး ဆန်းသစ်ဖျော်စပ်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့ ယမကာတစ်မျိုး ဖြစ်ပါတယ်။  
အခုဆိုရင် နောက်ဆုံးပေါ် ယမကာရဲ့ အထိအတွေ့အရသာကို ခံစားနိုင်ဖို့ ” Royal Special သဘာဝ Vodka “! ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပါပြီ။ Royal Special သဘာဝ Vodka ဟာဆိုရင် သောက်ရလွယ်ကူပြီး ကွီးတို့ ရှာဖွေ နေသမျှ အားလုံးကို ဖြည့်ဆည်းပေးနိုင်မယ့် စွယ်စုံရ ယမကာတစ်မျိုး ဖြစ်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းပြီး ပြင်း ရှမိထိတဲ့ အရသာနဲ့အတူ သာယာတဲ့ အခိုက်အတန့်ကို စီးမျောခံစားနိုင်မှာ ဖြစ်ပါတယ်။ Royal Special သဘာဝ Vodka ရဲ့ပြေပြစ်တဲ့ အရသာက အမျိုးမျိုးသော အဖျော်ယမကာတွေ ဒါမှမဟုတ် ကော့လ်တေးတွေအတွက်မဆို ပြီး ပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခု ဖြစ်ပြီး ငွေကုန်ကြေးကျ သက်သာစွာနဲ့ သာယာတဲ့ အခိုက်အတန့်ကို စီးမျောခံစား နိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအခွင့်အရေးကြီးကို လက်လွှတ်မခံပါနဲ့။ Royal Special သဘာဝ Vodka နဲ့အတူ အံ့ဩဖွယ် အတွေ့အကြုံတွေကို ကျွန်တော်တို့နဲ့အတူတူ မျှဝေခံစားလိုက်ပါ။ ကွီးတို့အတွက် ပျော်ရွှင်ဖွယ်ရာ မမေ့နိုင်စရာ အခိုက်အတန့်ကောင်းတွေကို အခုပဲ ဖန်တီးလိုက်ရအောင်ပါ။