Role-Playing ဂိမ်း (RPGs) တွေကို ဘာကြောင့် လူကြိုက်များရလဲ ဆိုတာတော့ ထွေထွေထူးထူး မေးခွန်းထုတ်နေစရာ မလိုဘူးထင်ပါတယ်။ RPGs ဂိမ်းတွေက Players တွေအတွက် တမူထူးခြားတဲ့ ဂိမ်းအတွေ့အကြုံကို သယ်ဆောင်လာပေးပြီး စိတ်ကူးယဉ်ဆန်ဆန် ထူးခြားတဲ့ ဇာတ်ကောင်တွေ ၊ ပြင်ပကမ္ဘာနဲ့ ကွာခြားတဲ့ အထူးဆန်းဆုံး ကမ္ဘာသစ်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းသွားကို အခြေခံပြီး ဇာတ်အိမ်တည် ဂိမ်းကို တည်ဆောက်ထားကြလို့ပါ။ ဒီဆောင်းပါးမှာတော့ Role-Playing ဂိမ်းကြိုက်တဲ့ ကွီးတို့အတွက် အမိုက်စား RPGs ဂိမ်းအချို့ကို ရွေးချယ်တင်ဆက်ပေးပါမယ်။
(၁) Zenless Zone Zero
Source : Zenless Zone Zero
ဒီဂိမ်းကတော့ နာမည်ကြီး Genshin Impact ဂိမ်းကို ဖန်တီးတဲ့ Developers တွေကပဲ ထုတ်ထားတာပါ။ အရောင်အသွေးဆုံးလင်တဲ့ Colorful ဂိမ်း Characters တွေပါဝင်သလို Comic ဆန်ဆန် ဂိမ်း Vibe ကို ခံစားရမှာ ဖြစ်ပါတယ်။ Gameplay ပုံစံကတော့ ခေတ်လွန်မြို့တစ်မြို့ပေါ်မှာ ဇာတ်လမ်းသွားကို တည်ဆောက်ထားပြီး မြန်ဆန်တဲ့ Quick Ffights တိုက်ကွက်တွေနဲ့ ရန်သူတော်တွေကို အမှန်အကန် ဖိုက်တင်ပလေးရမှာပဲ ဖြစ်ပါတယ်။
(၂) Wuthering Waves
Souce : Wuthering Waves
အနာဂတ်ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်ပေးသွားမယ့် Role-Playing ဂိမ်းအမိုက်စား တစ်ခုဖြစ်ပါတယ်။ Wuthering Waves ဂိမ်းမှာက အချိန်နဲ့ တပြေးညီ တိုက်ပွဲတွေကို ရင်ဆိုင်တိုက်ခိုက်သွားရမှာဖြစ်ပြီး ခုန်ပျံကျော်လွှား တိုက်ကွက်အစုံအလင်နဲ့ ရန်သူတွေကို ယှဉ်ပြိုင်တိုက်ခိုက်ရမှာပါ။ ဒီဂိမ်းရဲ့ Graphics တွေက တော်တော်လေး ဂျွတ်သလို နောက်ခံ Music တွေကလည်း ဂိမ်းကိုပိုကြွစေဖို့ ပံ့ပိုးပေးပါတယ်။ ထူးခြားတဲ့ Future World ဆီအလည်သွားချင်တယ်ဆိုရင် Wuthering Waves ဂိမ်းကို ကွီးတို့ ဆော့ကြည့်လိုက်ဖို့ ညွှန်းချင်ပါတယ်။
(၃) Titan Quest: Legendary Edition
Source : IGN
Titan Quest: Immortal Throne အနေနဲ့ ထွက်ခဲ့တာကတော့ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပါပြီ။ ယခုအခါမှာ Titan Quest: Legendary Edition အနေနဲ့ Android ဗားရှင်းအသစ်ထပ်ထွက်ထားတာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ ဇာတ်အိမ်ကို ဂရိနဲ့ အီဂျစ်တို့လို ရှေးဟောင်းနေရာတွေမှာ ဇာတ်လမ်းတည် ထားပါတယ်။ Players တွေအနေနဲ့ မတူညီတဲ့ မြေပုံတွေကို ရွေးချယ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ရမှာပါ။ Items တွေ စုဆောင်းပြီး မြေပုံအလိုက် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Original Game ရဲ့ ကျောရိုးအတိုင်းပဲ ဘာမှအများကြီး မပြောင်းလဲတဲ့အတွက် Titan Quest: Immortal Throne ဆော့ဖူးတဲ့ ဂိမ်းချစ်သူ ကွီးတို့ကတော့ သေချာပေါက် နှစ်သက်ပါလိမ့်မယ်။
Source : Analytics Insight
Featured Photo : Steam Community