ဖက်ရှင်မိမိ ဝတ်စားတတ်ဖို့ဆိုတာ တော်ရုံနဲ့ မရပါဘူး။ ကိုယ်လုံးကိုယ်ပေါက် လှတဲ့ သူတောင် ဝတ်စားဆင်ယင်မှု နေရာမကျရင် ကြည့်ရဆိုးသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အမျိုးသားတွေအနေနဲ့ Dress Well ဖြစ်အောင် ဖက်ရှင်စည်းမျဉ်းတစ်ချို့ သိထားဖိူ့ လိုတာပဲ ဖြစ်ပါတယ်။

(၁) ဘယ်နေရာ ပိုက်ဆံသုံးရမလဲ သိပါစေ

Photo: thegalleriamalljordan

ဈေးသက်သာရင် ပြီးရောဆိုပြီး အဝတ်အစားတွေ အများကြီး ဝယ်ထားစရာ မလိုသလို ဈေးကြီးမှ ကိုယ်နဲ့ လိုက်ဖက်မယ်ထင်ပြီးလည်း မဝတ်ဖို့ လိုပါတယ်။ အမျိုးသားတွေအတွက် ဖက်ရှင်နဲ့ ပတ်သက်လာရင် ပိုက်ဆံသုံးသင့်တဲ့ နေရာတွေကတော့ Suit ကောင်းကောင်းတစ်ထည် ၊ သားနားတဲ့ နာရီတစ်လုံး ၊ လယ်သာ Shoes ဖိနပ်ကောင်းကောင်းတစ်ရံတို့ပဲ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ ဈေးခိုလို့ ရပါတယ်။

(၂) Slim Fit Jeans ဝယ်ပါ

Photo: Freepik

Jeans ဘောင်းဘီ ဝယ်မယ်ဆိုရင် အောက်ရှုးတွေ ၊ အကျပ်တွေ ရှောင်ပါ။ Slim Fit Denim jean ဆိုရင် တင်ပါးလည်း ပွမနေသလို ခြေထောက်နေရာတွေလည်း ချောင်နေ ကျပ်နေမှာ မဟုတ်ပါဘူး။

(၃) Shoes အရွေး မှန်ပါစေ

Photo: Freepik

Shoes ဖိနပ်ကောင်းတစ်ရံဟာ သင့်ရဲ့ စတိုင်ကို အဆင့်မြှင့်ပေးဖို့ မရှိမဖြစ် အမှတ်လက္ခဏာတစ်ခုပါပဲ။ High-Quality Shoes ကောင်းတစ်ရံဟာ နှစ်ပေါင်းများစွာ အစီးခံတဲ့အပြင် သင့်ရဲ့ Personal Style ကိုလည်း မြှင့်ပေးနိုင်တယ်ဆိုတာ သတိရပါ။ Well-Dressed Man တစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ Leather Oxford ၊ Chelsea Boots နဲ့ Sneaker တို့ မရှိလို့ မဖြစ်ပါဘူး။

(၄) ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်တာ ဝတ်ပါ

Photo: Freepik

အရပ်ပုတာပဲ ဖြစ်ဖြစ် အရပ်ရှည်တာပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့ ပြင်လို့ ရပါတယ်။ ကိုယ့်ရဲ့ ဖက်ရှင်ဟာ ကိုယ့်ရဲ့ Body Type နဲ့ အံကျဖြစ်ပြီး လိုက်ဖက်မှုရှိရင် ဖက်ရှင်ကျပြီး ကြည့်ကောင်းမှာ အမှန်ပါပဲ။ ခေါင်းသိပ်မစားရအောင် ကိုယ့်ကို စတိုင်မိစေတဲ့ Brand နဲ့ ဆိုဒ်တွေချည်း ရွေးသင့်ပါတယ်။

(၅) ကာလာတွေကို မကြောက်ပါနဲ့

Photo: Freepik

အမြဲတမ်း အရောင်မှိုင်းချည်းပဲ ဝတ်လို့ အဆင်မပြေပါဘူး။ ကိုယ့်အသားအရောင်နဲ့လည်း လိုက်ရမယ် ၊ စိတ်ကိုလည်း ကြည်လင်စေမယ့် အရောင်နုနုလေးတွေ ရွေးသင့်ပါတယ်။ T-Shirt ဆိုရင်လည်း အဖြူ နဲ့ အနက်အပြင် တစ်ခြား အပြာရောင် ၊ ခရမ်းရောင်တွေ စမ်းကြည့်သင့်ပါတယ်။