အထာကျကျ ဝတ်တတ်စားတတ်ဖို့က သိပ်တော့ လွယ်လှတယ်မဟုတ်ပါဘူး။ တစ်ချို့ဖက်ရှင်တွေက ဝတ်ဆင်သူရဲ့ စရိုက်နဲ့ ကိုယ်လုံးကိုယ်ပေါက်ပေါ်လိုက်ပြီး အပြောင်းအလဲလေးတွေတော့ လုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့်လည်း အခြေခံ Style Tips လေးတွေ သိထားရင်ပိုပြီး ဝတ်တတ်စားတတ်တဲ့သူ ဖြစ်ဖို့ နီးစပ်ပါတယ်။

(၁) Slim Fit ဖြစ်တဲ့ ဖက်ရှင် ဝတ်ပါ

Photo: stylesofman

ရိုးရိုး Casual ဖက်ရှင်ပဲ ဖြစ်ဖြစ် ၊ ပွဲတက်ရုံးသွား ဖက်ရှင်ပဲ ဝတ်ဝတ် Well-Fit ဖြစ်ဖို့ကို အမြဲ ဦးစားပေးပါ။ ခေတ်မီဆန်းသစ်တဲ့ Slim-Fit Style ဖြစ်မယ့် အနက်ရောင် ၊ နက်ပြာနဲ့ အညိုမှိုင်းရင့်ကာလာလို အရောင်ရင့် Suit တွေ ရွေးချယ်ဝတ်သင့်ပါတယ်။ ဘောင်းဘီအနေနဲ့လည်း Slim Fit ဖြစ်တဲ့ Jeans နဲ့ Chino လို Pants တွေကို ဝတ်ဖို့ မမေ့သင့်ပါဘူး။

(၂) Shoes ကောင်းကောင်း စီးပါ

Photo: stylesofman

အရည်အသွေးမြင့် Shoes ဖိနပ်တွေ ဝယ်ထားတာ ဘယ်တော့မှ မမှားပါဘူး။ လယ်သာ Shoes ၊ Chelsea Boots အမြင့်နဲ့ Modern Sneakers တွေဟာ သင့်စတိုင်ကို အဆင့်မြှင့်ပေးဖို့ အကောင်းဆုံး Accessory တွေပါပဲ။ နောက်တစ်ခုက ကိုယ့်မှာ ဝတ်စရာ နည်းနည်းပဲ ရှိရင် ရှိပါစေ။ အရည်အသွေးမြင့်ပြီး ဝတ်လိုက်တိုင်း စိတ်ချမ်းသာစေတဲ့ အဝတ်အစားတွေ ဖြစ်ဖို့ အမြဲဂရုပြုသင့်ပါတယ်။

(၃) Body Type နဲ့ လိုက်အောင် ဝတ်ပါ

Photo: stylesofman

ကိုယ်က အရပ်ပုတယ်ဆိုရင် အရပ်အမောင်းလေး ဆန့်ထွက်လာသယောင် ထင်စေမယ့် Monochrome ဖက်ရှင်မျိုး ဝတ်ခြင်းဟာ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ ကိုယ်က ဝတယ်ဆိုရင် သွယ်တယ်ထင်အောင် ထောင်လိုက်အစင်းနဲ့ အရောင်ရင့်ဖက်ရှင်မျိုး ဝတ်ဖို့ လိုပါတယ်။ ကိုယ်ဝတ်တဲ့ ဖက်ရှင်ဟာ ကိုယ့်ရဲ့ အားသာချက်တွေကို အကောင်းဆုံး ဖော်ပြနေပြီး အားနည်းချက်တွေကို မှေးမှိန်စေမယ့် ဖက်ရှင်ဖြစ်ဖို့ လိုပါတယ်။

(၄) ဖက်ရှင် Accessory လေးတွေ သုံးပါ

Photo: stylesofman

အဝတ်အစားဝတ်စားမှုကို သားနားသပ်ရပ်ဖို့ ကူညီပေးတဲ့အထဲမှာ တွဲဝတ်ရတဲ့ ဖက်ရှင်ပစ္စည်းလေးတွေရဲ့ အကူအညီကို ရယူပါ။ ဥပမာ- နာရီကောင်းတစ်လုံး ပတ်ဖို့ ၊ အရည်အသွေးမြင့် နေကာမျက်မှန်တစ်လက် ရှိဖို့ဆိုတာမျိုး ဖြစ်ပါတယ်။ ဖက်ရှင်တစ်ခုကို မြူးကြွစေမယ့် အသုံးအဆောင်ကောင်းတွေ သုံးခြင်းဟာ လူတစ်ယောက်ကို အလိုက်ဖက်ဆုံး ဝတ်တတ်သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေနိုင်ပါတယ်။

(၅) သန့်သန့်ပြန့်ပြန့် နေပါ

Photo: Freepik

Well Dress ဖြစ်ဖို့အတွက် အရေးကြီးတာတစ်ခုကို မေ့လို့ မဖြစ်ပါဘူး။ အဲ့ဒါက အမြဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေဖို့ ဖြစ်ပါတယ်။ Skin Care လေး လုပ်မယ်။ ဆံပင်နဲ့ မုတ်ဆိတ်တွေကို ဂရုတစိုက် ထိန်းသိမ်းမှု လုပ်မယ်။ ကိုယ့်အသွင်အပြင်ကို ထိခိုက်စေနိုင်တဲ့ လှုပ်ရှားပြောဆိုမှုနဲ့ အပြုအမူတွေကို ရှောင်ပြီး သားသားနားနား နေမယ်ဆိုရင် စတိုင်ကျပြီး ဝတ်တတ်စားတတ်သူ ဖြစ်မှာ အမှန်ပါပဲ။