Black ကာလာတွေက အမြဲတမ်းအတွက် ဆန်းသစ်နေတဲ့ Timeless ကာလာတွေပါပဲ။ ယောင်္ကျားလေးတိုင်း အနက်ရောင်တီရှပ် ဝတ်ရတာ သဘောကျတတ်ကြပါတယ်။ All Black ဖက်ရှင်လည်း ရံဖန်ရံခါ ဝတ်လေ့ ရှိကြပါတယ်။ ဒီလို အမျိုးသားတွေအတွက် အပေါ်အောက် Black ဝတ်မယ်ဆိုရင် သိထားဖို့လိုတဲ့ စည်းကမ်းလေးတွေ ပြောပြချင်ပါတယ်။
(၁) Classic ဖက်ရှင်တွေနဲ့ တွဲဝတ်ပါ
Photo: urbanmenoutfits
All Black Outfit ဝတ်မယ်ဆိုရင် မရိုးနိုင်တဲ့ Classic ဖက်ရှင်တွေ သုံးဖို့ အကြံပေးချင်ပါတယ်။ ဥပမာ အနက်ရောင် Polo T-Shirt ကို Trouser ၊ Dress Shoes နဲ့ သပ်သပ်ရပ်ရပ် ဝတ်တာမျိုး ဖြစ်ပါတယ်။ အောက်က ဘောင်းဘီကို Monochrome ထဲက အနက်နွှယ်တဲ့ ကာလာအမှိုင်းမျိုး သုံးနိုင်ပါတယ်။ ဆောင်းတွင်းဖက်မှာဆို အပေါ်က Peacoat နဲ့ အော်မှာ Chelsea Boot တို့ တွဲဝတ်နိုင်ပါတယ်။
(၂) Texture ကွဲတာလေးတွေ ဝတ်ကြည့်ပါ
Photo: fashion ie
မတူကွဲပြားတဲ့ ချည်သားတွေကို တွဲဝတ်တာကလည်း All Black စတိုင်ကို ပိုပြီး ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။ အောက်မှာ Denim Jean အနက် ၊ Suede လယ်သာရှုး ၊ အပေါ်မှာ Cotton Tee နဲ့ Leather /Bomber Jacket ဝတ်တာမျိုး ဖြစ်ပါတယ်။ Texture သားတွေ တစ်ခုနဲ့တစ်ခု မတူတာက အဆင်ကွဲပြီး သစ်ဆန်းတဲ့ ဒီဇိုင်းကိုပေးနိုင်ပါတယ်။
(၃) Fit ဖြစ်ဖို့ ဂရုစိုက်ပါ
Photo: liveabout
ဖက်ရှင်တိုင်းက Fit ဖြစ်ဖို့ ပြောကြတာကြောင့် အဆန်းတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်လုံးနဲ့ အံကိုက်ဖြစ်နေတဲ့ အဝတ်အစား ဝတ်တာဟာ အမြဲတမ်း ကြည့်ကောင်းလို့ အခုလို ပြောကြတာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝတ်ထားတဲ့ T-Shirt က နည်းနည်းပွရင်တောင် အပေါ်မှာ ဂျက်ကတ်ကို Layering ထပ်ဝတ်ဖို့ အကြံပေးကြပါတယ်။
(၄) Graphic Tee တွေနဲ့ ဝတ်ကြည့်ပါ
Photo: toptrendsguide
လုံးဝအနက်ပြောင် All Black စစ်စစ်ကြီး ဝတ်ရတာက နေရာတိုင်း အဆင်မပြေပါဘူး။ အနက်ရောင်မှာ မတူတဲ့အရောင်တွေ ဖောက်တာ ဖြစ်ဖြစ် Patterns နဲ့ Prints လေးတွေ ပါတာဖြစ်ဖြစ် ဝတ်တာမျိုးလည်း လုပ်သင့်ပါတယ်။ Graphic T-Shirt တွေက All Black ဖက်ရှင်ကို ပိုပြိး ကြွအောင် ပုံဖော်ပေးနိုင်ပါတယ်။ စာသားနဲ့ Slogan တွေ ပါတဲ့ Graphic T-Shirt မျိုးဆို ပိုကောင်းပါတယ်။
Featured Photo: fashion ie