ပိုက်ဆံဟာကျနော်တို့ ဘဝအိပ်မက်တွေ ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ လူတော်တော်များများက နေ့စဉ်အသုံးစရိတ်ဒါမှမဟုတ်နှစ်စဉ်အသုံးစရိတ်တွေအတွက်တွေးတောစဉ်းစားနေချိန်မှာ တခြားလူတွေကတော့ ဘဏ်ထဲမှာ လစဉ်ငွေတွေ စုနေပါပြီ။

သူတို့လည်း တခြားလူတွေလိုပဲ အလုပ်တူတူလုပ်တဲ့ သူတွေပါ။ ကွာသွားတာကတော့ ငွေစုပုံစုနည်းပါပဲ။ ဒီတစ်ခေါက်မှာတော့ ချမ်းသာတဲ့လူတွေ ငွေဘယ်လိုစုကြလဲ ဆိုတာကိုပြောပြပေးသွားမှာပါ။ဈေးကြီးတဲ့အရာတွေကို ဝယ်သင့်မဝယ်သင့် တစ်ရက်စဉ်းစားတယ် (The 24-hour rule)။ သန်းကြွယ်သူဌေးတွေက သူစည်းကမ်းချက်ကို အလေးထားလိုက်နာကြပါတယ်။ သူတို့က ချမ်းသာကြပါတယ်။ သူတို့လိုချင်တာ ဘယ်ပစ္စည်းမဆို နှစ်ခါပြန် မစဉ်းစားပဲနဲ့ ဝယ်လို့ရပါတယ်။

man's hand putting coin in jar using calculator

Source : Freepik

ဒါပေမဲ့ သူတို့တွေဟာ ဒီပစ္စည်းတွေကို ဝယ်သင့်မဝယ်သင့် နောက်တနေ့အထိ စောင့်ဆိုင်းပြီး စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့အရာတွေကို မဆိုင်မတွ ဝယ်လိုက်တယ်ဆိုပါဆို့။ ဒီပစ္စည်းတွေက သူတို့အတွက် မလိုအပ်တဲ့ပစ္စည်းတွေဖြစ်နိူင်ပါတယ်။ နောက်နေ့ ရောက်ရင် ဝယ်ထားတဲ့ ပစ္စည်းကို မလိုချင်တော့တာတွေလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ “လိုချင်တာလာ၊လိုအပ်တာလာ” ဆိုတဲ့ မေးခွန်းကို တခုခုမဝယ်ခင် အမြဲမေးလေ့ရှိပါတယ်။

ရေရှည်အသုံးဝင်မဲ့ ပစ္စည်းတွေပဲဝယ်ပါ။ ပိုက်ဆံစုဖို့အတွက်အရမ်းကြီး အရမ်းကြီးကက်စေးနည်းစရာမလိုပါဘူး။ ချမ်းသာတဲ့သူတွေဟာ ရေရှည်အတွက် ရင်းနှီးမြှပ်နှံတတ်တဲ့ အကျင့်ရှိပါတယ်။သူတို့ဟာ အလုပ်အတွက် ဒါမှမဟုတ်အိမ်အတွက် ရေရှည်အသုံးခံမယ့် ပစ္စည်းတွေကိုသာ ဝယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးပေါပြီး အရည်အသွေး နှိမ့်တဲ့ ပစ္စည်းတွေက ကြာကြာ အသုံးခံလေ့ မရှိတာကြောင့် မကြာခဏ ထပ်ဝယ်ရလေ့ရှိပါတယ်။ ဒီလိုမကြာခဏ ထပ်ပြီးဝယ်ရတဲ့အခါမှာ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ အရည်အသွေးမြှင့် ရေရှည်အသုံးခံတဲ့ ပစ္စည်းတွေထက် ငွေကြေးပိုကုန်ကျလေ့ရှိတတ်ပါတယ်။

the hand of a man placing a coin into the slot of a piggy bank in a savings and investment

Source : Freepik

လျှော့ဈေးရတဲ့အချိန် ပစ္စည်းဝယ်တယ်။ လူတော်တော်များများ လျှော့ဈေးပေးနေတဲ့ ပစ္စည်းတွေ ဝယ်ရတာ နှစ်သက်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေကို လျှော့ဈေးပေးတဲ့ အချိန်ထိ စောင့်ပြီး ဝယ်တာဟာ ကုန်ကျစရိတ်အများကြီးသက်သာစေပါတယ်။ လျှော့ဈေးတွေက တနှစ်ပက်လုံးရှိပါတယ်။ ချမ်းသာတဲ့ သူတွေဟာ တစ်နှစ်လုံးစားအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားပြီး လျှော့ဈေးပေးတဲ့ အချိန်မှာ ဝယ်ကြလေ့ရှိပါတယ်။

သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေအတွက် ပိုက်ဆံအသုံးပြုကြတယ်။ ချမ်းသာတဲ့သူတွေဟာ သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ သူတို့ရဲ့ဝါသနာ တွေအပေါ်ငွေကြေးသုံးစွဲ တတ်ကြပါတယ်။ သူတို့တွေဟာ တဖက်ကလည်း အလုပ်ကြိုးစားပြီးငွေစုဆောင်းသလို တဖက်ကလည်း သူတို့ရဲ့ပျော်ရွှင်မှုအတွက် ငွေကြေးသုံးစွဲလေ့ရှိကြပါတယ်။

Businesswoman holding coins and putting in glass

Source : Freepik

ပိုက်ဆံအကြွေတွေကို ပြန်သုံးပါ။ လူတချို့တွေက ပိုက်ဆံအကြွေတွေကို ပြန်သုံးလေ့မရှိကြပါဘူး။ သူတို့က တစ်ရာတန်နှစ်ရာတန်တွေ သိမ်းထားပြီး ပြန်မသုံးဖြစ်ပဲ မေ့ထားလေ့ရှိတတ်ကြပါတယ်။ချမ်းသာတဲ့သူတွေအတွက်က တော့ တစ်ကျပ်တန်လည်းငွေပါပဲ။ ဒါကြောင့် သူတို့တွေဟာ ပိုက်ဆံအကြွေတွေကို စုဆောင်းပြီး ကော်ဖီဝယ်သောက်တဲ့ အချိန်မှာဖြစ်ဖြစ် ကလေးတွေအတွက် သကြားလုံးလေးတွေ ဝယ်ပေးတဲ့အချိန်မှာဖြစ်ဖြစ် ပြန်သုံးလေ့ရှိကြပါတယ်။

ပြင်လို့ရတဲ့ ပစ္စည်းတွေကို ပြန်ပြင်ပြီး သုံးကြတယ်။ သူတို့တွေက ဝယ်ထားတဲ့ ပစ္စည်းတွေ လုံးဝသုံးလို့ မရတဲ့အချိန်ကြမှ စွန့်ပစ်လေ့ရှိကြတယ်။ စက်ပစ္စည်းတွေ အသေးစားကိရိယာတွေ ဥပမာ စားပွဲတင်နာရီ စတာတွေကို ပျက်သွားရင် ပြန်ပြင်ပြီးသုံးလေ့ရှိကြပါတယ်။ လုံးဝပြင်လို့ မရတော့တဲ့ အခြေအနေရောက်မှာသာ အမှိုက်ပုံးထဲ ပစ်လေ့ရှိကြတာပါ။