လုပ်ငန်းခွင်ကလူများစွာနဲ့ ပြောဆိုဆက်ဆံရာမှာ အချို့အရာလေးတွေက ဥပဒေအနေနဲ့ တသီးတသန့်ထုတ်ထားတာမျိုးမရှိပါဘူး။ဒါပေမယ့် ကိုယ့်အပေါ် Impression ကောင်းရှိဖို့ရာ အလိုလိုလိုက်နာသင့်တဲ့အချက်များစွာရှိပါတယ်။
တစ်ခါတစ်ရံ ကိုယ်ကမသိလို့ မရည်ရွယ်ပါပဲနဲ့ ပြုမူမိတဲ့ အပြုအမူတွေက ကိုယ့် Imageကို ထိခိုက်မှန်းမသိထိခိုက်စေနေတတ်ပါတယ်။ဒါကြောင့် ဒီလိုမဖြစ်ရအောင် လုပ်ငန်းခွင်မှာလိုက်နာသင့်တဲ့စည်းမျဉ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Source : Shutterstock
(၁) Emailပို့ပြီး Replyမရသေးရင် ၂၄နာရီမကျော်မချင်း ထပ်မပို့ပါနဲ့။အခြားတစ်ဖက်မှာ Urgent Case တွေရှိနေတတ်တာ သတိရပါ။အရမ်းအရေးကြီးတဲ့ကိစ္စကြုံလာမှသာ ဖုန်းခေါ်လိုက်ပါ။
Source : Shutterstock
(၂) တကယ်အရေးမကြီးပဲ လုပ်ဖော်ကိုင်ဖက်ကို ဖုန်းမခေါ်မိပါစေနဲ့။ အလျင်မလိုပဲ ဖုန်းခနခနဆက်ခြင်းဟာ တစ်ဖက်လူအပေါ် Demand ပေးရာရောက်တတ်ပါတယ်။အခြားသူဖက်မှာလဲ အလုပ်ကိစ္စတွေ ရှိနေတတ်တာကြောင့် အနှောင့်ယှက်မပြုမိအောင် ရှောင်ကျဉ်ပါ။
Source : Shutterstock
(၃) ဖုန်း Missed Callတွေ့ရင် တွေ့တွေ့ချင်းပြန်ခေါ်ပါ။ဖုန်းခေါ်ရမှာ အားနာနေရင်တောင် Sms သို့မဟုတ် Email ပို့ပါ။ဒါဆိုရင် သင့်ဘက်ကကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အပေါ် အလေးထားကြောင်း ပြရာရောက်ပါတယ်။
Source : Shutterstock
(၄) လုပ်ငန်းခွင်မှာ ကိုယ်ကမိတ်ဆက်သည်ဖြစ်ဖြစ်၊ ကိုယ့်ကိုလာမိတ်ဆက်သည်ဖြစ်ဖြစ် မတ်တပ်အရင်ရပ်မိဖို့ သတိကပ်ပါ။ထိုင်ရာကနေ ထိုင်မြဲတိုင်းပဲ မထမိဘူးဆိုရင်တော့ ဒါကလေးစားမှုမရှိ၊ ယဉ်ကျေးမှုမရှိရာ ရောက်ပါလိမ့်မယ်။
Source : Shutterstock
(၅) ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ ပတ်သက်ပြီးမကျေနပ်တာရှိရင် နောက်ကွယ်မှာ အတင်းဖျင်းမပြောမိပါစေနဲ့။ဒါကပြဿနာကို ဖြေရှင်းစေမှာမဟုတ်တဲ့အပြင် ပိုမိုကြီးထွားစေနိုင်ပါတယ်။ဒါကြောင့်ဖြစ်တဲ့သူနဲ့ တိုက်ရိုက်စကားပြောပြီး အပြုသဘောဆောင်ဖြေရှင်းလိုက်ပါ။
Source : Shutterstock
(၆) လက်ဆွဲနှုတ်ဆက်ရာမှာ လက်ကိုမိမိရရကိုင်ပါ။မဝံ့မရဲကိုင်တာဖြစ်စေ၊ အလွန်အကျွံ ညစ်ကိုင်မိတာဖြစ်စေ စသည်ဖြင့် ဒီလိုအပြုအမူတွေဟာ ကိုယ့်ကိုယ်ကို Confidence မရှိရာ ရောက်ပါတယ်။
Source : Shutterstock
(၇) အစည်းအဝေးလုပ်နေစဉ် အပြုသဘောဆောင်မယ့် ဝေဖန်မှုမျိုးပဲ ထုတ်ပြောပါ။ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့ အားနည်းချက်ကို အများသူငှာရှေ့ ထုတ်ပြောမိခြင်းထက် နှစ်ကိုယ်ထဲရှိချိန်မှ အပြုသဘောဆောင် ဆွေးနွေးခြင်းက ရင်းနှီးမှုကိုပိုမိုတိုးပွားစေနိုင်မှာဖြစ်ပါတယ်။







