တကယ်တော့ Western Suit တွေဟာ အနောက်တိုင်းမှာပဲ ဝတ်တဲ့ ဝတ်စုံတော့ မဟုတ်တော့ဘဲ Global Suit ဖြစ်လာပါပြီ။ Suit ကို မင်္ဂလာဆောင်မှာပဲ ဖြစ်ဖြစ် ၊ အလုပ်အင်တာဗျူးတို့ ပွဲလမ်းသဘင်တို့မှာပဲ ဖြစ်ဖြစ် ဝတ်တော့မယ်ဆိုရင် Suit ကို ဝတ်ချိန်မှာ ဘယ်လိုမျိုးတွေ လိုက်နာသင့်သလဲဆိုတာ သိထားသင့်ပါတယ်။

(၁) အပေါ်ကုတ် ဝတ်ရင် အောက်ဆုံးကြယ်သီး ဖြုတ်ထားပါ

Source: pexels

ကြယ်သီးနှစ်လုံးတပ် ဘလေဇာကုတ်တွေ ဝတ်မယ်ဆိုရင် အောက်က ကြယ်သီးကို ဖြုတ်ထားတာဟာ လူရဲ့ လှုပ်ရှားတက်ကြွမှုကို ပိုပြီး လွတ်လပ်စေပါတယ်။

(၂) ဆိုဒ်ကြီးတဲ့ Suit တွေ ရှောင်ပါ

Source: pexels

Suit ဝတ်ရင် အရေးကြီးဆုံးက Fit ဖြစ်ဖို့ပါပဲ။ ခါးပွနေတာ ၊ ပုခုံးနဲ့ လက်တွေ ကျနေတာတို့ ၊ ဘောင်းဘီက ဖားယားကြီး ဖြစ်နေတာတို့ကတော့ အဆင်မပြေသလို ကြည့်လို့လည်း မကောင်းပါဘူး။

(၃) လယ်သာဖိနပ်နဲ့ လိုက်တဲ့ ဝတ်စုံဝတ်ပါ

Source: pexels

ရိုးရှင်းပေမယ့် စမတ်ကျပြီး လူတိုင်းနဲ့ လိုက်ဖက်တာက လယ်သာဖိနပ်ပါ။ အညိုရောင် Shoes တွေဟာ အပေါ်က ကုတ်နဲ့ Match ဖြစ်နေရမှာပါ။ အနက်ရောင်ခါးပတ်နဲ့ အညိုရောင် Shoes ဝတ်တာကတော့ မလိုက်ပါဘူး။ ကာလာဟာ Suit တစ်ခုကို တင့်တယ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

(၄) ထိုင်ခါနီး ကြယ်သီးတွေ ဖြုတ်ပါ

Source: pexels

စားဖို့ပဲဖြစ်ဖြစ် တစ်နေရာရာမှာ ထိုင်မိတဲ့အချိန်မှာ မထိုင်ခင် Suit က ကြယ်သီးတွေ ဖြုတ်ထားသင့်ပါတယ်။ မတ်တပ်ရပ်မယ်ဆိုရင်တော့ ကြယ်သီးတွေ တပ်ဖို့ အချိန်ရောက်ပါပြီ။

(၅) လက်နဲ့ အင်္ကျီ အဆင်ပြေပြေ ရှိပါစေ

Source: pexels

အင်္ကျီလက်ဟာ လက်ကို မဖုံးဘဲ လက်ကောက်ဝတ်မှာပဲ ရှိသင့်ပါတယ်။ ဒီအင်္ကျီလက်ဟာ လက်ဆန့်တန်းချိန်မှာ အဆင်ပြေပြေ ရှိနေဖို့ လိုပါတယ်။ အနည်းဆုံး အင်္ကျီလက်နဲ့ လက်ခုံဟာ လက်မဝက်လောက် ကွာသင့်ပါတယ်။

(၆) အိတ်ကပ်ထဲ ပစ္စည်းတွေ လျှောက်မထည့်ပါနဲ့

Source: pexels

ဘောင်းဘီပဲ ဖြစ်ဖြစ် အင်္ကျီ အိတ်ကပ်ပဲဖြစ်ဖြစ် သူ့အတိုင်း ရှိတာ ကောင်းပါတယ်။ တော်ရုံ ဘောပင်လောက် ထည့်တာ အဆင်ပြေပေမယ့် စမတ်ဖုန်းတွေ ၊ ပိုက်ဆံအိတ်တွေ လျှောက်မထည့်ဖို့ လိုပါတယ်။ ဒါတွေက စတိုင်ပျက်စေပါတယ်။