လူတစ်ယောက်မှာ ဆွဲဆောင်မှုရှိတယ် မရှိဘူးဆိုတာ ရုပ်ချောတာနဲ့ မဆိုင်သလို ဖက်ရှင်အလွင့်တွေ ဝတ်ထားရုံနဲ့လည်း ဆွဲဆောင်မှုရှိချင်မှရှိမှာပါ။ အောက်မှာပြောပြထားတဲ့ အချက်လေးတွေကိုလိုက်နာရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်နိုင်မှာပါ။ဘယ်လိုအချက်လေးတွေလဲဆိုတာ စိတ်ဝင်စားရင်ဆက်ဖတ်ကြည့်ပါအုန်း။

(၁) ဆံပင်ပုံစံဂရုစိုက်ပါ

Source : Genco Male Grooming

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောကြပါတယ်။ ဟုတ်ပါတယ်ဆံပင်ပုံစံက လူတစ်ယောက်ကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်အနေဲ့ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ချင်ရင်တော့ ကိုယ်ရဲ့ မျက်နှာနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံကိုသေချာရွေးချယ်ပြီး သပ်သပ်ရပ်ရပ်ထားဖို့လိုအပ်ပါတယ်။

(၂) ကိုယ်နေဟန်ထားကိုသတိထားပါ

Source : Wired Relations

လူတစ်ယောက်မှာ ကိုယ်နေဟန်ထား လှုပ်ရှားသွားလာပုံတွေက အဲ့ဒီလူရဲ့ ဆွဲဆောင်မှုရှိခြင်းမရှိခြင်း အပေါ်အများကြီး သက်ဆိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကအသက်ဝင်နေမယ် စကားပြောတဲ့အခါ ကောင်းမွန်တဲ့ body language လေးတွေထည့်သုံးမယ် အကြည့်တွေစူးရှတောက်ပနေမယ်ဆိုရင် တခြားသူတွေရဲ့ အမြင်မှာသိပ်ကိုဆွဲဆောင်မှုရှိနေမှာပါ။

(၃) ပြုံးပါ

Source : Medium

လူတိုင်းလူတိုင်းမှာ ဆွဲဆောင်မှုအရှိဆုံးအရာတစ်ခုက အပြုံးပါ။ အပြုံးတိုင်းကတော့ နှစ်လိုဖွယ်ကောင်းပြီး တစ်ဖက်လူတွေရဲ့အမြင်မှာ သဘောကျနှစ်သက်ဖွယ်ကောင်းနေစေတာအမှန်ပါပဲ။ ဒါကြောင့် လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ အရင်ဆုံးအပြုံးလေးနဲ့ နှုတ်ဆက်လိုက်ပါ။ သင့်ကိုဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်အဖြစ် မြင်စေမှာပါ။

(၄) ကျန်းမာကြံ့ခိုင်မှုရှိပါစေ

Source : MyFitnessPal Blog

ခန္ဓာကိုယ်ကပိန်လွန်း ပြည့်လွန်းနေရင်လည်း ဆွဲဆောင်မှု Level ကကျသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ခန္ဓာကိုယ်ကို အမြဲ Fit ဖြစ်နေအောင် ထိန်းသိမ်းပါ။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုအလေ့အကျင့်ကောင်းလေးတွေမွေးမြူပါ။ အိပ်ရေးဝဝအိပ်စက်ပါ။ ကျန်းမာကြံ့ခိုင်တဲ့အသွင်က သဘာဝအတိုင်းဆွဲဆောင်မှုရှိစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။