Rum အကောင်းစားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ကမ္ဘာ့ ဈေးအကြီးဆုံး ရမ်အမျိုးအစားများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် Rum များသည် ပြိုင်ဘက်ကင်းပြီး ကမ္ဘာ့အရည်အသွေး အကောင်းဆုံးနှင့် ဈေးအကြီးဆုံး ရမ်အမျိုးအစားတွေဖြစ်တဲ့အတွက်ကြောင့် ရမ်ချစ်သူများအားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

New Grove Double Cask Moscatel Finish

best beverage for kwee

New Grove ဆိုတာကတော့ ၁၈၃၈ ခုနှစ်ကတည်းက အကောင်းစား ရမ်တွေကို ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ New Grove Double Cask Moscatel Finish အမျိုးအစားကတော့ ဒေါ်လာ ၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Zafra 30-Year-Old

best beverage for kwee

ဒီ Rum ကတော့ အနှစ် ၃၀ သက်တမ်းရှိပြီဖြစ်ပြီး ဒုတိယ ဈေးအကြီးဆုံး ရမ်ဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

Zafra ဆိုတဲ့ နာမည်ကတော့ စပိန်နာမည်ဖြစ်ပြီး ကြံချောင်းများကို ရိတ်သိမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီရမ်ကို Panama မှာ ထုတ်လုပ်တာဖြစ်ပြီး ဆယ်နှစ်စု သုံးစုစာခန့် သေသေချာချာသိုလှောင်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒုတိယဈေးအကြီးဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Black Tot British Royal Naval

Rum ဈေးအကြီးဆုံး

နောက်ထပ် ဈေးအကြီးဆုံးရမ်ကတော့ ဒေါ်လာ ၈၅၀ ပေးဝယ်ရမယ့် ရမ်ဖြစ်ပါတယ်။ ၁၈၇၀ ခုနှစ်၊ဇူလိုင်လ ၃၁ ရက်နေ့တွင် အင်္ဂလန်တော်ဝင် ရေတပ်ရှိ ရေတပ်အရာရှိများကို ဂုဏ်ပြုကာ ထုတ်လုပ်ခဲ့ခြင်းမှစတင်ကာ နောက်ပိုင်းတွင် တဖြည်းဖြည်း တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချခဲ့တာြဖ်စပါတယ်။

Trois Rivières Millésime 1980 en Carafe Baccarat

Rum ဈေးအကြီးဆုံး

ဒီရမ်ကိုတော့ ၁၉၈၀ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ် ၄ စုစာခန့် ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ Martinique ဆိုတဲ့ ကျွန်းပေါ်မှာ သိုလှောင်ထားတာဖြစ်ပြီး ထိုကျွန်းရှိ မီးတောင်ချော်ရည်မှတဆင့်ဖြစ်လာတဲ့ မြေဆီလွှာ၊ နေရောင်ခြည်နှင့် မိုးရေတို့ကြောင့် ဒီရမ်က အရသာ ထူးကဲကောင်းမွန်နေရခြင်းဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၂၀ ဖြစ်ပါတယ်။

Goslings Auld Trophy Rum

Rum ဈေးအကြီးဆုံး

ဒီရမ်ကတော့ ကမ္ဘာ့ဈေးအကြီးဆုံးရမ်ပဲဖြစ်ပါတယ်။ Limited-Edition ဖြစ်ညပီး သူ့ဈေးနှုန်းကတော့ ဒေါ်လာတစ်သောင်း ကုန်ကျမှာဖြစ်ပါတယ်။

ကွီးတို့ရော ရမ် ရွေးချယ် ဝယ်ယူတဲ့အခါ ဘယ်လိုအမျိုးအစား အရည်အသွေးပေါ် မူတည်ပြီး ရွေးချယ်ဝယ်ယူလေ့ရှိပါသလဲ။

Source: Themanual

Featured Image: Homestratosphere