ကမ္ဘာပေါ်က လူကြိုက်အများဆုံး ကော့လ်တေးအမျိုးအစားတွေထဲက တစ်ခုကတော့ Rum And Coke ကော့လ်တေး ဖြစ်ပါတယ်။ အကြောင်းကတော့ ပြင်ဆင်ဖျော်စပ်ရ အရမ်းကို လွယ်ကူရိုးရှင်းလို့ဖြစ်ပြီး ကမ္ဘာတဝှမ်း နေရာတိုင်းလိုလိုမှာ Rum And Coke ကော့လ်တေးကိုအလွယ်တကူ ရနိုင်ပါတယ်။
Photo : A Couple Cooks
Rum And Coke ကော့လ်တေးကို Cuba Libre လို့လည်း ခေါ်ကြပြီး ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေမှာ ကျူးဘားနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ Cuba Libre ဆိုတာကတော့ စပိန်လို “Free Cuba” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားလုံးဟာ ၁၈၉၈ ခုနှစ်မှာ စပိန် – အမေရိကန်စစ်ပွဲကနေ ဆင်းသက်လာတာဖြစ်ပြီး ကျူးဘားနိုင်ငံလွတ်လပ်ရေးအတွက် စပိန်ထံကနေ တောင်းဆိုခဲ့ချိန်မှာ သုံးခဲ့တာ ဖြစ်ပါတယ်။
Rum And Coke ကော့လ်တေးမှာ Dark Rum ၊ Cola နဲ့ သံပုရာသီး စတဲ့ အဓိကပါဝင်ပစ္စည်း ၃ မျိုးသာ ပါဝင်ပါတယ်။ Dark Rum နဲ့ Cola ကို အချိုးကျကျ ပေါင်းစပ်ဖျော်ရတာဖြစ်ပြီး သံပုရာသီးလေးနဲ့ တွဲဖက်သောက်ရတာ ဖြစ်ပါတယ်။ ဖျော်စပ်နည်းက အရမ်းကို လွယ်ကူးရိုးရှင်းတာကြောင့် ကွီးတို့အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်နိုင်ပါတယ်။ ကဲဒါဆို ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်ရအောင်ပါ။

Photo : A Couple Cooks
အရင်ဆုံးဖန်ခွက်ထဲမှာ နှစ်သက်ရာ Rum ၂ အောင်စနဲ့ ရေခဲကို ရောထည့်ပြီး အေးလာတဲ့အထိ မွှေပေးပါ။ ပြီးရင်တော့ Cola ၄ အောင်စ ရောထည့်ပြီး သံပုရာသီး ၁ ခြမ်းကို အရည်ညှစ်ထည့်ကာ သံပုရာခြမ်းလေးကိုလည်း ခွက်ထဲပေါင်းထည့် ပေးရပါမယ်။ ဒါဆိုရင်တော့ အရမ်းကိုပဲ လွယ်ကူရိုးရှင်းတဲ့ Rum And Coke ကော့လ်တေး တစ်ခွက်ရပါပြီ။
Featured Photo : Bacardi

