ကွီးတို့က စကော့ချ် ဝီစကီ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင် Rusty Nail ကော့လ်တေး ကို မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ Rusty Nail ကော့လ်တေးဟာ စကော့ချ် ဒေသထွက် အရက်ချိုပြင်း Drambuie နဲ့ ဝီစကီကို ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ အရမ်းကို လူကြိုက်များရေပန်းစားခဲ့တဲ့ ကော့လ်တေးတစ်မျိုးပါ။
Photo : A Couple Cooks
Old Fashioned ၊ Manhattan ကော့လ်တေးတွေ ကြိုက်သူတိုင်း ထိမိပြင်းရှတဲ့ Rusty Nail ကော့လ်တေးရဲ့ အရသာကိုလည်း ကြိုက်နှစ်သက်မှာ သေချာပါတယ်။ ကော့လ်တေးဖျော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ၂ မျိုးတည်းပါပဲ။ စကော့ချ် ဝီစကီနဲ့ Drambuie နဲ့ပဲ အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်လို့ရပါတယ်။ ကဲဒါဆို ကွီးတို့အိမ်မှာ အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်နိုင်မယ့် Rusty Nail ကော့လ်တေး ဖျော်စပ်နည်း အသေးစိတ်ကို ကြည့်လိုက်ရအောင်ပါ။
Photo : A Couple Cooks
အရင်ဆုံး Lowball ဖန်ခွက်ထဲကို စကောချ် ဝီစကီ ၂ အောင်စနဲ့ စကော့ချ်အရက်ချိုပြင်း Drambuie အောင်စဝက်တို့ကို ရောထည့်ပေးပါ။ ပြီးရင် ဖန်ခွက်ထဲကို ရေခဲအတုံးကြီး တစ်တုံး ထည့်ပါ။ ထို့နောက် သံပုယိုခွံ ၁ လက်မခန့်လောက်ကို ဖန်ခွက်ထဲ အရည်ညှစ်ပေးရပါမယ်။ ပြီးတဲ့အခါ သံပုယိုခွံနဲ့ ဖန်ခွက်နှုတ်ခမ်းဝကို ပွတ်ပြီး အရည်ညှစ်ထားတဲ့ သံပုယိုခွံပါ ဖန်ခွက်ထဲ ရောထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ စကော့ချ်အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ထိမိပြင်းရှတဲ့ Rusty Nail ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : Imbibe Magazine